Lavender oil က သင့်ဆံသားကို hair care လုပ်ပေးဖို့အတွက် safe ဖြစ်တဲ့အရာတစ်ခုပါ။ Lavender oil က ဆံသားကြီးထွားမှုကို မြှင့်တင်ပေးပြီး ဆံသားပါးလွှာခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဦးရေပြားနဲ့ ဆံသားကျန်းမာရေးအတွက်လည်း တခြားသော အကျိုးအာနိသင်တွေ ရရှိစေပါတယ်။

ဆံသားကြီးထွားစေခြင်း

Lavender essential oil က သင့်ဆံသားကို ကြီးထွားစေမှာဖြစ်တဲ့အတွက် ပုံမှန်ထက်ပိုပြီး ဆံပင်အရှည်မြန်လာမယ်၊ ဆံပင်အုံထူလာပါမယ်။ ဆံပင်ကျွတ်ခြင်းမှလည်း ကာကွယ်ပေးပြီး ဆံသားပြဿနာတော်တော်များများကိုလည်း ဖြေရှင်းပေးနိုင်တာကြောင့် သင်လိမ်းမယ့် hair oil တစ်ခုခုထဲကို lavender essential oil ထည့်သုံးပေးပြီး ဦးရေပြားနဲ့ ဆံသားကို လိမ်းပေးနိုင်ပါတယ်။

ပိုးသတ်နိုင်သောဂုဏ်သတ္တိများရှိခြင်း

 

Lavender essential oil မှာက ပိုသတ်နိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါတာကြောင့် bacteria နဲ့ မှိုမကြီထွားအောင် ကူညီပေးပါတယ်။ ဆံသားနဲ့ဦးရေပြားကို လိမ်းပေးခြင်းကြောင့် အဖြစ်များနဲ့ ဆံသားနဲ့ဦးရေပြားပြဿနာတွေ၊ ဦးရေပြားယားယံခြင်း၊ ဗောက်ထခြင်းတွေကိုလည်း မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

သန်းပျောက်စေခြင်း

2011 ရဲ့ လေ့လာမှုတစ်ခုအရဆိုရင် lavender essential oil က သန်းတွေကိုသေစေနိုင်ပြီး မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ Tea tree oil နဲ့ တွဲသုံးရင် ပိုပြီးထိရောက်မှုရှိပါတယ်။

အရေပြားရောင်ရမ်းမှုကိုသက်သာစေခြင်း

Lavender essential oil က ဦးရေပြားရောင်ရမ်းခြင်းနဲ့ ခြောက်သွေ့ခြင်းကို သက်သာစေပြီး အရေပြားရောင်ရမ်းမှုတွေလည်း သက်သာစေပါတယ်။ 2012 လေ့လာမှုတစ်ခုအရဆိုရင် lavender essential oil က အရေပြားရောင်ရမ်းခြင်းနဲ့ အနာတွေအတွက် လမ်းဆေးအဖြစ်အသုံးပြုတာ အောင်မြင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ သူက ရောင်ရမ်းမှုကိုလျော့ကျစေပြီး အနာအမြန်ကျက်အောင် အရှိန်မြှင့်ပေးတာမျိုး ဖြစ်ပါတယ်။

Calming effect ရှိပြီးအနံ့ကောင်းခြင်း

Lavender essential oil ရဲ့ အနံ့လေးက အရမ်းကောင်းတာကြောင့် စိတ်ဖိစီးမှုများနေချိန်မှာတောင် ရှူပေးသင့်တာပါ။ စိတ်ပင်ပန်းမှုတွေ လျော့ကျစေပြီး စိတ်ပျော်ရွှင်စေတယ်လို့ သတ်မှတ်ကြပါတယ်။ ဒါ့အပြင် သူ့မှာ calming effect လည်း ပါဝင်ပါတယ်။