သင်က သူ့ကို ချစ်ပေမယ့် ဘယ်ကနေ စပြောရမှန်းမသိဖြစ်နေပါသလား။ သူ့ဘက်ကရော သင့်ကို စိတ်ဝင်စားသလား၊ မဝင်စားသလားဆိုတာ မတင်မကျဖြစ်နေပါသလား။ ဒီအချက်လေးတွေက သင့်ကို ကူညီပေးပါလိမ့်မယ်။

သူ့ရဲ့Body Language ကို သတိထားပါ

သူ့ရဲ့စိတ်ခံစားချက်ကို ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ သူ့ရဲ့အမူအရာကိုတော့ ကွယ်ဝှက်မထားနိုင်ပါဘူး။ သူ့အနားမှာ သင် ရှိနေတဲ့အခါ သူက အမြဲတမ်းပြုံးရယ်နေပါသလား။ ဒါဆိုရင်တော့ သင့်ကို သူလည်း စိတ်ဝင်စားနေတာပါ။

သင့်အတွက် အမြဲတမ်းအဆင်သင့်ရှိနေပေးတယ်

သင်က သင် ဝင်ပြိုင်ထားတဲ့ ပြိုင်ပွဲတစ်ခုခုမှာ သူ့ကို လာအားပေးဖို့ခေါ်ရင်လည်း သူက အမြဲတမ်းအဆင်သင့်ရှိနေပေးတယ်။ သင်အခက်အခဲတစ်ခုခုကြုံလာတဲ့အခါ ဝမ်းနည်းအားငယ်နေချိန်မှာလည်း အားပေးကူညီပေးတယ်ဆိုရင် သူဟာ သင့်အပေါ် သံယောဇဉ်ရှိနေကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။

အသေးအဖွဲလေးကအစ မှတ်မိနေတယ်

သင်သည် ဘယ်လိုအစားအစာမျိုးကို ကြိုက်သလဲ။ သင်နဲ့ မတည့်တဲ့အစားအစာတွေရှိသလား။ သင် ကြိုက်နှစ်သက်တဲ့အရာတွေက ဘာတွေဖြစ်မလဲ စတဲ့အသေးအဖွဲလေးတွေကအစ အမှတ်ရနေမယ်ဆိုရင် သေချာပါတယ် သင့်ကို သူ ကြွေနေပါပြီ။

သင်သည် တခြားလူတွေနဲ့ အတူရှိနေတဲ့အခါ သဝန်တိုနေမယ်

ချစ်သူရည်းစားလည်း မဟုတ်သေးဘူးဆိုတော့ တရားဝင် သဝန်တိုလို့ကလည်း မရပြန် ဒါပေမဲ့ သင့်အနားမှာ တခြားသူနဲ့ ရှိနေတာလည်း မကြိုက်ပြန် ဒီလိုအခြေအနေမျိုးမှာ သူတို့ရဲ့သဝန်တိုစိတ်ကို အတင်း ဖုံးဖိထားရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မျက်ဝန်းထဲကနေ ဖျတ်ခနဲ တွေ့မြင်နိုင်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို Follow လုပ်ထားမယ်

သူသည် သင့်ရဲ့ဓာတ်ပုံတွေ ပို့စ်တွေကို Reaction အမျိုးမျိုး လာပေးနေမယ်၊ သင့်ရဲ့ MyDay ကို ရီအက်အမျိုးမျိုး လာပေးနေမယ်ဆိုရင်တော့ သေချာပါတယ်။ သူ့ကို သတိထားမိအောင် ပြုလုပ်နေတာဖြစ်ပါတယ်။ သင့်ဘက်ကလည်း သူအပေါ်စိတ်ဝင်စားနေတဲ့အချက်ကို ပြန်လည်ပြသပြီး အဆင့်တစ် စဖို့ပဲလိုအပ်တာပါ။