Animation ကြိုက်တဲပရိတ်သတ်တွေကတော့ Walt Disney လို့ပြောလိုက်ရင် စိမ်းနေမယ်မထင်ပါဘူး။ ဆန်းကြယ်တဲ့ ဇာတ်ကွက်တွေ ၊ မှော်ဆန်တဲ့ ဇာတ်ကောင်တွေနဲ့ ဘဝအလွှာပေါင်းစုံကို ဖော်ကျူးပြီး ပရိတ်သတ်ကို ဖမ်းစားနိုင်တဲ့ Walt Disney ရဲ့ ဇာတ်လမ်းကောင်းတွေက အများကြီးပါ။

ဒီလို အများကြီးထဲကမှ IMDb အရ ထိပ်တန်းအဆင့်သက်မှတ်ခံရတဲ့ အကောင်းဆုံး Disney ရုပ်ရှင်တချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

The Lion King (1994)

IMDb Rating: 8.5/10 ရထားတဲ့ ဒီ Animation ကတော့ တောတွင်းဘုရင် Mufasa ရဲ့နောက် ထီးနန်းကို သိမ်းပိုက်မယ့် ခြင်္သေ့ပျို Simba ရဲ့ ဇာတ်လမ်းပါ။ Simba လေးက မကောင်းဆိုးဝါးအစ်ကိုဖြစ်သူရဲ့ ချောက်ကမ်းပါးကနေ တွန်းချခံရပြီးနောက်ပိုင်း သူ့ကြောက်ရွံ့မှုတွေကို ကျော်လွှားပြီး သရဖူကို သိမ်းပိုက်နိုင်ပါ့မလား ? ဆိုတာကို ရိုက်ကူးထားတာပါ။

Coco (2017)

လျှို့ဝှက်ဆန်းကြယ်တဲ့ အတိတ်ဖြစ်ရပ်တစ်ခုကြောင့် ဂီတကို မထီမဲ့မြင်ပြုနေကြတဲ့ မိသားစုမှာကြီးလာတဲ့ ကောင်လေးတစ်ယောက် ကွယ်လွန်သူ ကမ္ဘာကျော်ဂီတပညာရှင် Ernesto de la Cruz နဲ့တွေ့ဖို့ကြိုးစားရင်း အတိတ်ကဖြစ်ရပ်ကို ပြန်ပြီး အဖြေရှာနိုင်ခဲ့တဲ့ ငယ်ရွယ်ပြီး ဂီတပါရမီရှင်ဖြစ်တဲ့ ကောင်လေး Miguel အကြောင်းရိုက်ထားတဲ့ ဒီ Animation ကတော့ IMDb Rating: 8.4/10 ရထားတာပါ။

WALL·E (2008)

WALL·E ဆိုတာက ကမ္ဘာပေါ်မှာ ကျန်ခဲ့တဲ့ အထီးကျန်စက်ရုပ်လေးတစ်ရုပ်ပါ။ တစ်နေ့ ကမ္ဘာပေါ်က သက်ရှိဖြစ်နိုင်ချေကို သိရှိဖို့ လူသားတွေလွှတ်လိုက်တဲ့ စက်ရုပ် Eva နှင့်တွေ့ပြီးနောက်ပိုင်း အထီးကျန်ဆန်နေတဲ့ WALL·E ရဲ့ဘဝ ပြောင်းလဲသွားတာကိုမြင်ရမယ့် ဒီ Animation ကတော့ IMDb Rating: 8.4/10 ရထားတာပါ။
Toy Story (1995)

Young Andy ဆိုတဲ့ကောင်လေးရဲ့ Woody ၊ Cowboy စတဲ့ အသက်ဝင်အရုပ်လေးတွေရဲ့ကမ္ဘာကို ရိုက်ပြထားတဲ့ Toy Story က IMDb Rating: 8.3/10 ရခဲ့ပြီး နောက်ထပ် 2 3 4 ထပ်ထွက်ရလောက်တဲ့အထိ လူကြိုက်များတဲ့ Animation ပါ။

Up (2009)

အသက် 78 နှစ်အရွယ် ဒေါသကြီးတဲ့ မိုးပျံပူဖောင်းအရောင်းသမားတစ်ယောက် သူ့ရဲ့အိမ်ကို မရေတွက်နိုင်တဲ့ မိုးပျံပူဖောင်းတွေ ချိတ်လိုက်ပြီး ပျံသွားတဲ့အချိန် အိမ်မှာပါလာတဲ့ လူငယ်လေး Russell နဲ့ ရှေ့လျှောက်ဘာတွေဖြစ်ကြလဲဆိုတာ IMDb Rating: 8.3/10 ရထားတဲ့ ဒီ Animation မှာ တွေ့ရမှာပါ။