ရှားစောင်းလက်ပတ်က အသားအရေအတွက်သာမကဘဲ ဆံပင်အတွက်လည်း Hair Mask အနေနဲ့ သုံးလို့ရတာမလို့ တကယ်ကို အသုံးဝင်တဲ့ သဘာဝရဲ့လက်ဆောင်ပါ။ ဒါဆို ရှားစောင်းလက်ပတ်ကိုသုံးပြီး တောက်ပြောင်တဲ့ဆံကေသာရဖို့ ဘယ်လိုသုံးလို့ရလဲဆိုတာ ကြည့်ကြည့်ရအောင်-

ရှားစောင်းလက်ပတ်နဲ့ ဌက်ပျောသီး Hair Mask

ရှားစောင်းလက်ပတ်ရွက်တစ်ရွက်ကိုယူပြီး ခြစ်ထုတ်လိုက်ပါ။ အရွယ်တော် ငှက်ပျောသီး နှစ်လုံးကို ခြစ်ထားတဲ့ ရှားစောင်းလက်ပတ်နဲ့ရောပြီး ဆံပင်ကို လိမ်းပေးပါ။ Shower Cap နဲ့ နာရီဝက်လောက်အုပ်ထားပြီး နှစ်နာရီကြာအောင် ထားလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ချပါ။

ရှားစောင်းလက်ပတ်နဲ့ ကြက်သွန်နီ Hair Mask

ကြက်သွန်နီဖျော်ရည်နဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်တို့ကို ရောပြီး ဦးရေပြားနဲ့ ဆံပင်ထိပ်ဖျားတွေကို လိမ်းပြီး နှိပ်ပေးပါ။ တစ်နာရီလောက်ထားပြီးမှ အပျော့စား shampoo နဲ့ conditioner သုံးပြီး ခေါင်းလျှော်ပေးပါ။ ဒီ Mask က ဆံပင်ကို သန်ပြီး ပျော့ပျောင်းစေပါတယ်။

ရှားစောင်းလက်ပတ်နဲ့ ဒိန်ချဉ် Hair Mask

ရှားစောင်းလက်ပတ်ဂျယ်၊ ဒိန်ချဉ်၊ ပျားရည်နှင့် သံလွင်ဆီတို့ကို ရောပြီး ဆံပင်နဲ့ဉီးရေပြားကို လိမ်းပေးပါ။ လိမ်းပြီး နာရီဝက်လောက်ထားပြီးမှ ခေါင်းလျှော်ချပါ။ တစ်ပတ် တစ်ကြိမ် ပုံမှန်လုပ်ပေးရင် သဘာဝအတိုင်း‌ တောက်ပြောင်တဲ့ ဆံကေသာကို ရစေမှာပါ။

ရှားစောင်းလက်ပတ်နဲ့ အုန်းဆီ Hair Mask

]

ရှားစောင်းလက်ပတ်ဂျယ်၊ ပျားရည်၊ အုန်းဆီတို့ကို ရောပြီး ဆံပင်နဲ့ ဦးရေပြားကိုလိမ်းပေးပါ။ ညင်သာစွာနှိပ်ပြီး နာရီဝက်လောက်ထားပြီးမှ ခေါင်းလျှော်ချပါ။