ဒေါသကြီးတဲ့သူတွေက အရမ်းစိတ်တိုပြီး ဒေါသကိုမထိန်းချုပ်နိုင်ရင်၊ ကိုယ့်စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ရင် ကိုယ်ပဲပင်ပန်းပါတယ်။ ဒါကြောင့် ဒေါသကြီးတဲ့သူတွေအတွက် ဒေါသတွေကို လျှော့ချပေးနိုင်မယ့် ကိုယ့်စိတ်ခံစားချက်တွေကို အရင်ထက်ပိုပြီး control လုပ်ပေးနိုင်လာမယ့် yoga (6) မျိုးကို မျှဝေပေးလိုက်ပါတယ်။

Standing forward fold (Uttanasana)

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် 30 လောက်နေပြီး ဖြေးဖြေးချင်းစီ ခါးပြန်မတ်ပါ။ ပြီးရင် အဲ့အတိုင်း ပြန်လုပ်ပါ။ 2 ကြိမ်၊ 3 ကြိမ်လောက် လုပ်ပေးရင် ရပါပြီ။ ဒီ yoga pose ကိုလုပ်တဲ့အချိန်မှာ ခြေထောက်ကို တန်းနေအောင် ဆန့်ထားပေးပါ။

Child’s pose (Balasana)

Child’s pose (Balasana) အနေအထားနဲ့ 1 မိနစ်နေပေးပါ။ ဒီလိုနေတဲ့အချိန်မှာ မျက်စိမှိတ်ပြီး အသက်ရှူသွင်းရှူထုတ်လုပ်နေတာကိုပဲ အာရုံစိုက်ထားပေးပါ။

Legs up a wall pose (Viparita karani)

ခြေထောက်နှစ်ဖက်ကို ဆန့်တန်းနေအောင်ထားပြီး နံရံမှာကပ်ထားရမှာပါ။ အနည်းဆုံး 3 မိနစ်လောက်တော့ နေပေးပါ။ အသက်ကိုဟိုးအတွင်းအထိရောက်အောင် ရှိုက်ပြီးရှူလိုက်၊ ဖြေးဖြေးချင်းစီ ပြန်ထုတ်လိုက်နဲ့ လုပ်နေပေးပါ။

Boat pose (Navasana)

ပုံမှာလုပ်ပြထားတဲ့အတိုင်းလေး သေချာရအောင် ကြိုးစားလုပ်ကြည့်ပါ။ ခြေထောက်ရော လက်ရော မြှောက်ထားရတာဖြစ်လို့ ဟန်ချက်ညီအောင်နေနိုင်ဖို့က နည်းနည်းတော့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် ရသလောက်လေး နေကြည့်ပါ။ လုပ်ရင်းနဲ့ ကြာကြာနေနိုင်လာပါလိမ့်မယ်။

Fish pose (Matsyasana)

ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာလေးတူအောင် လုပ်ကြည့်ပါ။ မျက်စိမှိတ်ထားပြီး အသက်ရှူသွင်းရှူထုတ် လုပ်တာကိုပဲ အာရုံစိုက်ထားပေးပါ။ အနည်းဆုံး 1 မိနစ်မှ 3 မိနစ်အထိ နေပေးပါ။

Corpse pose (Savasana)

ဒီ yoga pose ကတော့ အရမ်းကို လွယ်ကူရိုးရှင်းတာဖြစ်တဲ့အတွက် ပုံမှာလုပ်ပြထားသလိုနေပြီး မျက်စိမှိတ်ကာ အသက်ရှူသွင်းရှူထုတ် လုပ်နေတဲ့ဆီကိုပဲ အာရုံစိုက်ထားပြီး 5 မိနစ်လောက်တော့ နေကြည့်ပါ။ ဒေါသတွေကို လျှော့ချပစ်ဖို့ ကူညီပေးနိုင်ပါတယ်။