ဆံပင်အုံထူတဲ့သူတွေအတွက် ဆံသားကျန်းမာလှပစေဖို့ ကူညီပေးမယ့် အချက် ၈ ချက်ကို ပြောပြပေးလိုက်ပါတယ်။ ဆံပင်အုံထူတဲ့သူက hair care ကိုသာ သေချာလုပ်ပေးမယ်ဆိုရင် ကျန်းမာလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်မှာပါ။

မကြာခဏခေါင်းမလျှော်ပါနဲ့

မကြာခဏခေါင်းလျှော်တာက ဆံသားနဲ့ဦးရေပြားအတွက် မကောင်းပါဘူး။ ဆံပင်ပါးတာ၊ ဆံသားအတွက်ရှိသင့်တဲ့ အဆီဓာတ်တွေဆုံးရှုံးတာ၊ အဆီထုတ်လုပ်မှုလွန်ကဲတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် မကြာခဏခေါင်းမလျှော်ပါနဲ့။

ဆံပင်အစိုဓာတ်ရှိအောင်လုပ်ပါ

ဆံပင်က အစိုဓာတ်မရှိရင် ဆံသားဖွာပြီးခြောက်သွေ့တာ၊ ရှုပ်ထွေးတာတာတွေ ဖြစ်စေပါတယ်။ ဆံပင်အုံထူရင် ပိုဆိုးပါတယ်။ ဒါကြောင့် ဆံသားအစိုဓာတ်ရှိအောင် ခေါင်းလျှော်တိုင်းမှာ conditioner or hair mask သုံးပေးပါ။

ဆံပင်ရေစိုနေချိန်မှာသတိထားပါ

ဆံပင်ရေစိုနေချိန်မှာ မျက်နှာသုတ်ပုဝါနဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်ပြီးသုတ်တာ၊ ဆံပင်ဖြီးတာတွေက ဆံသားပျက်စီးစေပါတယ်။ ဆံပင်ကျွတ်စေပါတယ်။ ဒါကြောင့် ဆံပင်ရေစိုနေချိန်မှာ ဆံပင်ကို သေချာသတိထားပြီး ကိုင်တွယ်ပေးပါ။

ဆံပင်ကို Over-dry မဖြစ်ပါစေနဲ့

ဆံပင်ထူတော့ dryer သုံးရင် အကြာကြီးမှုတ်ရပါတယ်။ အချိန်အကြာကြီး dryer နဲ့မှုတ်တာက ဆံသားပျက်စီးစေပါတယ်။ ဒါကြောင့် အရင်ဆုံး ရေစစ်အောင် မျက်နှာသုတ်ပုဝါနဲ့ ဖိဖိ၊ ညှစ်ညှစ်ပြီး ဖွဖွလေးသုတ်ပါ။ ပြီးရင် dryer သုံးပါ။ လုံးဝခြောက်သွားတဲ့အထိ မမှုတ်ပါနဲ့။

အဖျားတွေပုံမှန်ညှပ်ပါ

ဆံပင်အဖျားတွေက နှစ်ခွဖြစ်ပြီး ပျက်စီးနေတတ်တာ များပါတယ်။ ဒါကြောင့် ဆံပင်အဖျားတွေ၊ နှစ်ခွဖြစ်နေတာတွေကို ပုံမှန်ညှပ်ထုတ်ပေးပါ။ ဒါမှ ဆံပင်အရှည်မြန်ပြီး ပျက်စီးနေတာတွေလည်း မရှိတော့မှာပါ။

Layers လေးတွေညှပ်ပါ

ဆံပင်ထူတဲ့သူတွေက layers လေးတွေညှပ်ထားရင် ခေါင်းပိုပေါ့ပြီး နေရတာပိုသက်တောင့်သက်သာ ဖြစ်ပါတယ်။ ပူအိုက်တာလည်း ပိုသက်သာစေပါတယ်။ ဒါ့အပြင် ပိုပြီးတော့လည်း ဆံပင်ရှင်းရလွယ်ကူပြီး အခြောက်ခံရတာလည်း ပိုမြန်စေပါတယ်။

အုံထူတဲ့ဆံသားအတွက်ထုတ်ထားတာတွေသုံးပါ

ဆံပင်နဲ့ပတ်သက်တဲ့ hair products တွေကို အကုန်လျှောက်မသုံးပါနဲ့။ အုံထူတဲ့ဆံသားအတွက်ထုတ်ထားတဲ့ hair product တွေ hair tool တွေကို သုံးပေးပါ။

Hair oil လိမ်းပါ

ဘယ်လို hair type မျိုးမဆို hair oil မသုံးရင် ဆံသားခြောက်သွေ့ပျက်စီးတာ၊ အဖျားနှစ်ခွဖြစ်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် hair oil ပုံမှန်လိမ်းပေးဖို့ မမေ့ပါနဲ့။