Portrait ပုံလေးတွေ အနီးကပ်ရိုက်တဲ့အခါမှာဆိုရင် ဘယ်လိုပို့စ်ပေးရမလဲဆိုတာ ပိုပြီးစဉ်းစားရခက်စေပါတယ်။ ဒါကြောင့် ခေါင်းရှုပ်ခံပြီး ပို့စ်တွေစဉ်းစားနေစရာမလိုအောင် Portrait ပုံလေးတွေ အနီးကပ်ရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ပန်းလေးတစ်ပွင့်ရှိရင် ဒီလိုပုံလေးအတိုင်း ပို့စ်ပေးရိုက်ကြည့်ပါ။ Portrait ဆိုတော့ အရမ်းလှတဲ့ပုံလေး ရလာမှာ သေချာပါတယ်။

စာအုပ်လေးခေါင်းပေါ်တင်ပြီး ဒီလိုပုံလေးလည်း ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ပုံလေး ရလာပါလိမ့်မယ်။

မျက်နှာကိုသေချာအနီးကပ်ရိုက်မယ်ဆိုရင် ဒီပို့စ်လေးက ပို့စ်ပေးရလွယ်ကူပြီး လှလည်းလှပါတယ်။ ပို့စ်သိပ်မပေးတတ်တဲ့သူအတွက်တောင် အဆင်ပြေတဲ့ပို့စ်လေးပါ။

ဒီပို့စ်လေးဆိုလည်း အရမ်းလှတာကြောင့် Portrait ရိုက်မယ်ဆိုရင် Try ကြည့်နော်။

Portrait ရိုက်တဲ့အခါမှာ အရမ်းလှစေမယ့် ပို့စ်လေးပါ။ ရယ်တတ်တဲ့သူဆိုရင် ဒီပုံလေးအတိုင်းသာ ပို့စ်ပေးရိုက်ကြည့်ပါ။ အရမ်းလှတဲ့ပုံကောင်းလေး ရလာပါလိမ့်မယ်။

ကော်ဖီဆိုင်လေးတွေမှာ ရိုက်တဲ့အခါ ဒီပို့စ်လေးက မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက်လည်း လွယ်ကူတဲ့ပို့စ်လေးပါ။

Portrait ရိုက်တဲ့အခါ ကင်မရာကိုနောက်လှည့်ကြည့်တဲ့ ပို့စ်လေးတွေက အရမ်းရိုက်လို့ကောင်းပါတယ်။ လှပတဲ့ပုံကောင်းလေးတွေ ရစေပါတယ်။

ပန်းပန်နေတဲ့ဒီလိုပို့စ်လေးတွေရိုက်မယ်ဆိုရင် ကောင်းကင်ပါအောင် ဒီလိုလေးရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ဒီပို့စ်လေးဆိုလည်း လုပ်ရတာလွယ်ကူပါတယ်။ ချစ်ဖို့ကောင်းသလို လှလည်းလှတဲပုံကောင်းလေး ရစေမယ့် ပို့စ်ဖြစ်ပါတယ်။

ပန်းပင်လေးတွေနားမှာရိုက်တဲ့အခါ အသုံးဝင်စေမယ့် ပို့စ်လေးပဲဖြစ်ပါတယ်။ ဒီလိုပို့စ်လေးက Portrait ရိုက်လည်းလှသလို Portrait မဟုတ်လည်း လှပါတယ်။

Portrait ပုံလေးတွေရိုက်တဲ့အခါမှာ ဒီပို့စ်လေးကလည်း အရမ်းလှပါတယ်။ ကိုင်ထားစရာကင်မရာမရှိရင် ဖုန်းကိုကိုင်ပြီး ကောင်းကင်ကိုရိုက်နေတဲ့ပုံမျိုး ပို့စ်ပေးကြည့်ပါ။

ဒီပို့စ်လေးဆိုရင် Portrait ရိုက်တဲ့အခါ ရိုက်ဖြစ်အောင်ရိုက်ကြည့်သင့်တဲ့ ပို့စ်လေးဖြစ်ပါတယ်။ ချစ်ဖို့ကောင်းသလို အရမ်းလည်းလှပါတယ်။