ဆံပင်အရှည်နဲ့နေရတာ ခေါင်းလေးလာလို့၊ စိတ်တွေရှုပ်လာလို့ ဆံပင်ညှပ်ချင်နေတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ခေါင်းပေါ့ပါးပြီး နေလို့ကောင်းသွားစေမယ့် Short Hairstyle တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီ Hairstyle လေးဆိုရင် သိသိသာသာကို ခေါင်းပေါ့ပြီး နေလို့ကောင်းသွားမှာပါ။ ဆံပင်ဖြီးရပြင်ဆင်ရတာလည်း သိပ်ရှိတော့မှာမဟုတ်လို့ အလုပ်ရှုပ်သက်သာပြီး Style ကျလှပနေစေမှာပါ။

ရိုးရိုးလေးနဲ့လှတာမျိုး ညှပ်ချင်ရင်တော့ ဒီလိုလေးသာ ညှပ်ချပစ်လိုက်ပါ။ ဆံပင်အနက်ပဲထားလည်း လှသလို အရောင်ဆိုးလည်းလှတဲ့ Hairstyle လေးပါ။

ပိုပြီးငယ်ရွယ်တဲ့ပုံစံလေး ဖြစ်သွားချင်ရင်တော့ ဒီ Hairstyle လေးသာ ညှပ်ချပစ်လိုက်ပါ။ အရှေ့ဆံပင်လေးညှပ်ထားတော့ ပိုပြီးရုပ်နုသွားစေတာပေါ့။

မိန်းမဆန်တာမျိုး သိပ်မညှပ်ချင်တော့ဘူး ပုံစံပြောင်းပစ်ချင်တယ်ဆိုရင်တော့ ဒီ Hairstyle လေးသာ ညှပ်လိုက်ပါ။ အထာကျပြီးမိုက်သလို ခေါင်းလည်းပေါ့ပေါးပြီး လန်းဆန်းသွားစေမှာ သေချာပါတယ်။

ကိုရီးယားမလေးတွေညှပ်တဲ့ ဒီ Hairstyle လေးတွေလည်း ညှပ်ကြည့်ပါ။ ဆံပင်ကိုညှပ်ချလိုက်ချင်ပေမယ့် အရမ်းတိုသွားမှာလည်းကြောက်တယ်၊ ရုပ်ဆိုးသွားမှာလည်း ကြောက်တယ်ဆိုရင် ဒီ Hairstyle လေးသာ ညှပ်ပါ။ လုံးဝရုပ်မဆိုးပဲ ပိုလှသွားစေမှာနော်။

ဆံပင်ကိုညှပ်ချပြီး ကောက်ချင်တယ်ဆိုရင်တော့ ဒီ Hairstyle လေးက လှပါတယ်။ လူငယ်ဆန်ပြီး ချစ်ဖို့လည်းကောင်းပါတယ်။

Hairstyle ဆန်းတဲ့ပုံစံလေး ညှပ်ချင်ရင်တော့ ဒီ Hairstyle လေးကို ညှပ်ကြည့်ပါ။ အထာကျကျပုံစံလေးတွေ နေရတာမျိုးကို ကြိုက်တယ်ဆိုရင်တော့ ဒီ Hairstyle လေးနဲ့ လိုက်ဖက်ပါတယ်။

ဆံပင်ကိုဂုတ်ဝဲလေးမဟုတ်ပဲ နားအောက်အထိ ညှပ်ချပစ်တဲ့ ဒီ Hairstyle လေးဆိုရင် ပေါ့ပါးပြီး နေလို့ကောင်းသွားမှာပါ။ ဆံပင်ပြင်ဆင်ရတာမျိုး၊ ဂုတ်ယားတာမျိုးလည်း ရှိတော့မှာမဟုတ်ပါဘူး။

ကိုရီးယားမလေးတွေညှပ်တဲ့ ဒီ Hairstyle လေးကတော့ ပုံသွင်းရတာမျိုးရှိပေမယ့် လှပါတယ်။ ဒါကြောင့် ဒီလိုလေး ညှပ်ကြည့်နော်။

ဆံပင်ကို အရမ်းတိုတိုလေးမညှပ်ချင်ဘူး၊ ခေါင်းလည်းပေါ့သွားချင်တယ်ဆိုရင် အထပ်များများ ညှပ်ချပစ်ပါ။ ဒီ Hairstyle လေးဆိုရင် အရမ်းလှပါတယ်။ ဆံပင်အုံထူတဲ့သူတွေ ပိုညှပ်လို့ကောင်းတဲ့ Hairstyle လေးလည်း ဖြစ်ပါတယ်။