ကိုယ့်အပေါ်ဖောက်ပြန်သွားတဲ့ ရည်းစားဟောင်းကို လက်စားချေချင်တယ်ဆိုပြီး တခြားတစ်ယောက် ချက်ချင်းထားပြတာမျိုးတွေ၊ ဆိုးပြတာမျိုးတွေ လုံးဝမလုပ်မိပါစေနဲ့။ တစ်ဖက်လူက နာကျင်ရတယ်၊ စိတ်တိုရတယ်ဆိုတာထက် ကိုယ်ပဲထိခိုက်ရတာ၊ နစ်နာရတာပါ။ ဒါကြောင့် ကိုယ့်အတွက်လည်း အကျိုးရှိအောင် ကိုယ့်အပေါ်ဖောက်ပြန်သွားတဲ့သူအပေါ်မှာ အကောင်းဆုံး လက်စားချေနည်းကို ပြောပြပေးလိုက်ပါတယ်။

ပိုပြီးပျော်ရွှင်ပြပါ

သူဖောက်ပြန်သွားလို့၊ ထားခဲ့ခံရလို့ဆိုပြီး ကြေကွဲနေရင် နှစ်ကြိမ်ရှုံးပါတယ်။ ဒီတော့ သူထားသွားလည်း ဘာမှမဖြစ်ဘူး၊ အေးဆေးနေနိုင်တယ်ဆိုတဲ့ပုံစံနဲ့ ပိုပြီး ပျော်ရွှင်ပြလိုက်ပါ။ သူနဲ့ပြတ်မှ ကိုယ်ကပိုတောင် ပျော်ရွှင်လာရတယ်ဆိုတာမျိုးပဲ ပြသလိုက်ပါ။ တကယ်လည်းပျော်အောင်နေပါ။ နာကျင်ရလို့ ခံစားရလို့ ငိုချင်ရင်တောင် နောက်ကွယ်မှာပဲကြေကွဲပါ။ မြန်မြန် move on လုပ်နိုင်အောင် ကြိုးစားပါ။

ကြိုးစားပါ

ကိုယ့်အပေါ် ဖောက်ပြန်သွားတဲ့သူအတွက် ဝမ်းနည်းပူဆွေးနေမယ့်အစား ကိုယ့်ဘဝတိုးတက်လာအောင် ပိုကြိုးစားလိုက်ပါ။ သူနဲ့ပြတ်မှ ကိုယ့်ဘဝက ပိုအဆင်ပြေပြီး ပိုတောက်ပလာတယ်၊ ပိုအောင်မြင်လာတယ်ဆိုတဲ့ အခြေအနေမျိုးရအောင် ကြိုးစားလိုက်ပါ။ ကိုယ့်အတွက်လည်း အကျိုးရှိစေသလို တစ်ဖက်လူကိုလည်း လွတ်တဲ့ငါးကြီးတဲ့ ခံစားချက်မျိုး ဝင်စေမယ့် လုပ်ရပ်ပဲ ဖြစ်ပါတယ်။

အရင်ထက်ပိုလှအောင်နေပါ

ဝမ်းနည်းပူဆွေးပြီး မပြင်မဆင်မနေပါနဲ့။ သူနဲ့တွဲတုန်းကထက် ပိုလှလာအောင် နေပစ်လိုက်ပါ။ Self care များများလုပ်ပြီး လှအောင်နေပါ။ Gym ဆော့တာတွေလုပ်ပါ။ ကိုယ့်အတွက်လည်း အများကြီး အကျိုးရှိစေပါတယ်။

သူ့ထက်သာတဲ့သူနဲ့တွဲပါ

ဖောက်ပြန်ခံရပြီး လက်စားချေပြချင်လို့ နောက်တစ်ယောက် မြန်မြန်ဆန်ဆန်ထားတာမျိုး မလုပ်ပါနဲ့။ သေချာအချိန်ယူပြီး ကိုယ့်အပေါ်တကယ်ကောင်းတဲ့သူနဲ့တွေ့မှ ကိုယ်လည်း တကယ်ချစ်နိုင်ပြီဆိုမှ လက်တွဲပါ။ သူ့ထက်သာပြီး ကိုယ့်အပေါ်တကယ်ချစ်ပေးနိုင်တဲ့၊ ကိုယ့်အပေါ်တကယ်ကောင်းပေမယ့် သူမျိုးနဲ့ လက်တွဲပြလိုက်ပါ။ အကောင်းဆုံး လက်စားချေနည်း ဖြစ်ပါလိမ့်မယ်။