မင်္ဂလာပါပျိုမေတို့ရေ။ အုံထူပြီး လှပတဲ့ ဆံကေသာကို အမျိုးသမီးတိုင်း ပိုင်ဆိုင်ချင်ကြမှာပါနော်။ ဆံပင်တိုတို ရှည်ရှည် ဆံပင်အုံထူထူလေးနဲ့ လှနေစေဖို့ ဘယ်လိုနည်းလမ်းတွေသုံးရမလဲဆိုတာ မျှဝေပေးလိုက်တယ်နော်။

၁။ အလွှာလိုက်ညှပ်ပါ

ဆံပင်ကို အလွှာလေးတွေနဲ့ ညှပ်တာက ဆံပင်အုံထူတယ်လို့ ထင်ရစေပါတယ်။ ဒါ့ကြောင့် ဆံပင်ညှပ်တော့မယ်ဆိုရင် ဆံပင်ကို အလွှာလိုက် ညှပ်ပေးဖို့ ပြောပါ။

၂။ တစ်ရက်ခြားတစ်ခါ ခေါင်းလျှော်ပါ

ခေါင်းလျှော်ရည်နဲ့ တစ်ရက်ခြားတစ်ခါ ခေါင်းလျှော်ပါ။ နေ့တိုင်းလျှော်ရင် အဆင်မပြေလို့ တစ်ရက်ခြားလျှော်ခိုင်းတာပါနော်။ ပေါင်းဆေးထည့်ရင်လည်း ဆံပင်အဖျားလေးတွေကိုပဲထည့်ပါ။ ဆံပင်ရေဆေးချတဲ့အခါ ဦးရေပြားကို လုံးဝ စင်သွားအောင် ဆေးချပါ။

၃။ လေမှုတ်တဲ့အခါ ပြောင်းပြန်မှုတ်ပါ

ဆံပင်ကို လေမှုတ်စက်နဲ့အခြောက်ခံတဲ့အခါ ခေါင်းကို ငိုက်စိုက်လိုက်ပြီး ပြောင်းပြန်မှုတ်ပေးပါ။ အဲဒီလို မှုတ်ပေးတာဟာ ဆံပင်ကို အုံထူစေပါတယ်။

၄။ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး (သို့) ထုံးပြီး အိပ်ပါ

ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး (သို့) ဆံပင်ကို ဆံထုံးထုံးပြီး အိပ်လို့ရပါတယ်။ မနက်မိုးလင်းရင် သဘာဝတိုင်း ဆံပင်က ကောက်ကောက်လေးဖြစ်နေပြီး ဆံပင် ထူထူလေးဖြစ်နေမှာပါ။

၅။ Dry Shampoo သုံးပါ

Dry Shampoo က ဆံပင်ကို အလေးချိန်ရှိစေပြီး အုံလည်းထူစေပါတယ်။ အဆီပိုတွေကို စုပ်ယူပေးပြီး သင့်ကိုလည်း ယုံကြည်မှုအပြည့်ရှိစေပါတယ်နော်။

၆။ ဆံပင်ကို ပုံမှန်တိပါ

ဆံပင်အဖျားလေးတွေကို ၃ လတစ်ခါ (သို့) ၆ လတစ်ခါလောက် ပုံမှန်တိပေးပါ။ ဆံပင်အဖျားလေးတွေကို ပုံမှန်တိပေးတာက ဆံကေသာကိုလည်း သန်စွမ်းစေသလို ဆံပင်အဖျားနှစ်ခွကိုလည်း သက်သာစေပါတယ်။