စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေက ကိုယ်တိုင်နဲ့ပဲ သက်ဆိုင်ပါတယ်။ အဆင်မပြေတာတွေ ကြုံတွေ့နေရရင်တောင်မှ ကိုယ်သာစိတ်ထားတတ်ရင် အဲ့လောက်စိတ်ညစ်ရမှာ မဟုတ်ပါဘူး။ ဒီအရာတွေကတော့ သင့်ကို စိတ်ပိုင်းဆိုင်ရာ ပိုပြီးတိုးတက်ကောင်းမွန်လာအောင် ကူညီပေးမယ့်အရာတွေပဲ ဖြစ်ပါတယ်။

ကောင်းတာတွေများများတွေးပါ

ကောင်းတာတွေများများတွေးရင် စိတ်ချမ်းသာပြီး စိတ်ခွန်အားအလိုလိုရစေပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကိုပဲ ပြောင်းတွေးပါ။ ကိုယ့်အတွေးနဲ့ကိုယ် စိတ်ဆင်းရဲပြီး ဘူနေရတာမျိုးမဖြစ်ပါစေနဲ့။

စာဖတ်ပါ

စာဖတ်တာက စိတ်ပိုင်းဆိုင်ရာ ပိုပြီးတိုးတက်ကောင်းမွန်လာစေဖို့ အများကြီး အထောက်အကူပြုပါတယ်။ တစ်ခုခုဆို လျှောက်တွေးပြီး စိတ်ညစ်နေမယ့်အစား စာဖတ်ပါ။ စာဖတ်ခြင်းက ကိုယ့်ရဲ့အတွေးအခေါ်တွေ၊ ယူဆချက်တွေ၊ စိတ်ခံစားချက်တွေကို အကောင်းဘက်ကို ပြောင်းလဲပေးနိုင်ပါတယ်။

တရားထိုင်၊ ယောဂကျင့်ပါ

ယောဂသင်တန်းတက်ပြီး ယောဂကျင့်တာလည်း အရမ်းကောင်းပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာပြီး ကောင်းမွန်လာစေပါတယ်။ ယောဂကျင့်ဖို့ အဆင်မပြေရင် အိမ်မှာ နာရီဝက်၊ တစ်နာရီလောက် တရားထိုင်ပေးပါ။ စိတ်ပိုင်းဆိုင်ရာ အများကြီး တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ စိတ်လည်းတည်ငြိမ်ပြီး စိတ်ခံစားချက်ကိုလည်း ထိန်းချုပ်နိုင်လာပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

စိတ်ခံစားချက်ပိုကောင်းပြီး တက်ကြွလန်းဆန်းချင်ရင်တော့ လေ့ကျင့်ခန်းလုပ်ပါ။ အမြဲတမ်း ဖုန်းသုံးလိုက်၊ လှဲလိုက်နဲ့ပဲနေရင် ကိုယ်ရောစိတ်ပါ လေးလံထိုင်းမှိုင်းစေပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ လေ့ကျင့်ခန်းလုပ်တာလည်း အရမ်းကောင်းပါတယ်။

သီချင်းနားထောင်ပါ

သီချင်းနားထောင်တာကတော့ စိတ်ပျော်ရွှင်ကျေနပ်မှုကို ရစေပြီး စိတ်ကိုလည်း Relax ဖြစ်စေပါတယ်။ ဒါကြောင့် နေ့တိုင်း ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ပေးပါ။

Diary ရေးပါ

တစ်နေ့တာ ကိုယ်လုပ်ခဲ့တဲ့အရာတွေ၊ ဖြစ်ခဲ့တဲ့အရာတွေ၊ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေကိုကို စာအုပ်ထဲမှာ Diary ချရေးကြည့်ပါ။ ဒီလိုချရေးတာက စိတ်ထွက်ပေါက်တစ်ခုဖြစ်သလို ပျော်စရာတွေဖြစ်ခဲ့တာကို ပြန်ဖတ်ကြည့်မိတိုင်းလည်း စိတ်ပျော်ရွှင်ရမှာပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်ရင် ကိုယ်ရောစိတ်ပါ ကျန်းမာရေးပါ ထိခိုက်လာစေပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ချိန်သတ်မှတ်ပြီး စောစောအိပ်တဲ့အကျင့်လေး လုပ်ထားရင်တော့ အကောင်းဆုံးပါပဲ။