ဒီတခါတာ့ အလှကြိုက်တဲ့ပျိုမေတွေထဲမှာမှ ဝက်ခြံထွက်တတ်တဲ့ အသားအရေပိုင်ရှင်တွေနဲ့ အသားအရေ breakouts ဖြစ်ပြီး အမာရွတ်တွေကျန်ခဲ့တဲ့သူတွေအတွက် အသုံးဝင်တဲ့ အိမ်သုံးကုထုံးတချို့ကို ဝေမျှပေးချင်ပါတယ်။

1. Grape Cleanser

ရေခဲသေတ္တာထဲက လတ်ဆတ်တဲ့ စပျစ်သီးနည်းနည်းကိုယူပြီး တစ်ဝက်လောက်ဖြတ်ပြီး မျက်နှာနဲ့ လည်ပင်းပေါ်ကို ပွတ်ပေးပါ။ ပြီးမှ ရေအေးနဲ့ ဆေးပေးပါ။

2. Cucumber Facemask

သခွားသီးသေးသေးလေးတစ်လုံးကိုချေပြီး Oatmeal တစ်ခွက် ၊ ဒိန်ချဉ် ၁ ဇွန်း နဲ့ ရောပြီး ပျစ်အောင် လုပ်လိုက်ပါ။ ပြီးမှ မျက်နှာပေါ်မှာ လိမ်းပြီး မိနစ် 30 လောက်ထားပြီးမှ ရေဆေးချလိုက်ပါ။

3. Cucumber Face Pack

Oatmeal ဒါမှမဟုတ် ဒိန်ချဉ်မရှိရင် သခွားသီးတစ်လုံးလုံးကို ကြိတ်ချေပြီး ရေစစ်ထားပါ။ ပြီးရင် သကြား ၁ ဇွန်း ရောပြီး မျက်နှာကိုလိမ်းပေးပါ။ လိမ်းပြီး ၁၀ မိနစ်လောက်ထားလိုက်ပါ။ ပြီးရင် ရေအေးနဲ့ဆေးချပါ။

4. Simple Honey Mask

အရင်ဆုံး မလိမ်းခင် မျက်နှာကို ရေနွေးနွေးလေးနဲ့ သစ်ပြီးမှ ပျားရည်ကို မျက်နှာပေါ်လိမ်းပါ။ မိနစ် 30 လောက်ထားပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။

5. Yeast and Yogurt Mask

Brewer’s Yeast ၁ ဇွန်းကို ရိုးရိုးဒိန်ချဉ်နည်းနည်းနဲ့ ရောလိုက်ပါ။ ပြီးရင် အဆီပြန်တဲ့ နေရာကို သေချာလိမ်းပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ ချွေးပေါက်တွေပိတ်စေဖို့ ရေအေးနဲ့ နောက်တစ်ခေါက်သစ်ပေးပါ။

6. Oatmeal Facial

Oatmeal ၂ ဇွန်း ၊ Baking Soda ၁ ဇွန်းကို ရေရောပြီး သမအောင်မွှေပေးပါ။ မျက်နှာအနှံ့ကို ဖြည်းဖြည်းချင်း ပွတ်လိမ်းပေးပါ။ ခနကြာမှ ရေနဲ့သေချာဆေးချပါ။

7. Turmeric Facial Mask

ကုလားပဲမှုန့် ခွက် ½ ခွက် နဲ့ နနွင်းမှုန့် ၂ ဇွန်း ၊ စန္ဒကူးမှုန့် နဲ့ သန့်စင်ထားပြီးသား ထောပတ် ဒါမှမဟုတ် ဗာဒံဆီတို့ကို ရေနည်းနည်းရောပြီး သမအောင်မွှေပေးပြီး မျက်နှာကို လိမ်းပေးပါ။ လိမ်းပြီး ၅ မိနစ်ကနေ ၁၀ မိနစ်လောက်ထားလိုက်ပါ။ မျက်နှာက အညစ်အကြေးတွေ ပြောင်သွားအောင်လို့ မျက်နှာသစ်တဲ့အခါ လက်ဖဝါး ၊ လက်ချောင်းနှစ်ဖက်လုံးနဲ့ ပွတ်ပေးပါ။