ဘာပြဿနာမှ နှစ်ယောက်ကြား ကြီးကြီးမားမားမရှိဘဲနဲ့ လက်ရှိအချစ်ရေးက အဆင်ပြေမနေဘူး စိတ်ညစ်နေရတယ်ဆိုရင် နှစ်ယောက်ကြားကအချစ်ရေးကို မပျော်မရွှင်ဖြစ်စေတဲ့ ဒီအချက်တွေကို လုပ်မိနေလား ပြန်ဆန်းစစ်ကြည့်ပါ။

နှစ်ယောက်ကြးမှာ ရှိနေတဲ့ ပဋိပက္ခတွေကို မဖြေရှင်းဘဲထားတာက ကြာလာတာနဲ့အမျှ Relationship အပေါ်မှာ စိတ်ပျက်မှုနဲ့ နာကြည်းမှုတွေ ဖြစ်စေလာပါတယ်။

တစ်ယောက်ကိုတစ်ယောက် အကြံပေး ဖေးမကူညီတာက ကောင်းပေမယ့် အရာရာတိုင်းကို judge လုပ်ပြီး ပြစ်တင်ဝေဖန်နေတာက တဖက်လူအပေါ် စိတ်မသက်မသာဖြစ်စေပါတယ်။

ကိုယ့်ချစ်သူကို အရာရာစံနှုန်းတွေနဲ့ တိုင်းတာပြီး တခြားလူတွေနဲ့ အရာရာနှိုင်းယှဉ်နေရင် ကြာလာတာနဲ့အမျှ ဒီ Relationship က‌ ပျော်ဖို့မကောင်းတော့ပါဘူး။

Relationship တခုကို ရှေ့ဆက်မသွားချင်တော့တဲ့အခါတွေမှာ လူတွေက ဆင်ခြေအမျိုးမျိုးသုံးတတ်ကြပါတယ်။ ဒီလိုအခြေအနေတွေမှာ အများစုအသုံးများ တဲ့အကြောင်းပြချက်တွေထဲက တစ်ခုကတော့ အတူတူအချိန်ဖြုန်းဖို့ အရမ်းအလုပ်ရှုပ်နေလို့ပါ။


Relationship မှာ တဖက်လူအပေါ် အရာရာစည်းမျဉ်း စည်းကမ်းတွေနဲ့ တားမြစ်ထား ဘောင်ခတ်တာကလည်း ပျော်ရွှင်မှုကို ပျောက်ကွယ်သွားစေတဲ့ အကြောင်းတွေထဲက တစ်ခုပါပဲ။