လက်သည်းကြိုးသွားလို့ ဒါမှမဟုတ် လက်သည်းအရှည်ထားချင်ပေမယ့် အရှည်နှေးလို့ စိတ်ညစ်နေရင် အခုပြောပြမယ့်အချက်တွေကို လိုက်နာကြည့်ပါ။ Dermatologists တွေ ပြောပြထားတဲ့ နည်းလမ်းတွေမလို့ လက်သည်းအရှည်မြန်ဖို့ အထောက်အကူဖြစ်မှာ အသေချာပါ။

အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ မျှတတဲ့ အစားအသောက်ကို စားတာကလည်း လက်သည်းအရှည်မြန်စေဖို့ အထောက်ကူပြုပါတယ်။

တစ်ခါတစ်လေ အမှုမဲ့အမှတ်မဲ့ လက်သည်းကိုက်တာကလည်း လက်သည်းအရှည်ကို နှေးစေတာမလို့ ပြင်ဖို့ လိုအပ်ပါတယ်။

လက်သည်းအဖျားလေးတွေကို ပုံမှန်ညှပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။ မဟုတ်ရင် လက်သည်းအစွန်းလေးတွေက အဝတ်စလေးတွေနဲ့ညှိပြီး ပဲ့ထွက်သွားနိုင်လို့ပါ။

လက်သည်းလေးတွေ ပုံကျဖို့ Nail File သုံးတဲ့အခါ ဆန့်ကျင့်ဘက်နှစ်ဘက်ဆီ မလုပ်ဘဲ လားရာတစ်ခုတည်းသာ ဦးတည်ပြီး တိုက်ပေးပါ။

ကြမ်းတမ်းတမ်းအလုပ်ရတာက လက်သည်းထဲက သဘာဝဆီတွေကို ဆွဲထုတ်ပြီး လက်သည်း keratin ပရိုတင်းကို ပျက်စီးစေတဲ့အတွက် အိမ်အလုပ်တွေလုပ်တဲ့အခါ လက်အိတ်ကို မဖြစ်မနေ ဝတ်ပေးပါ။

လက်သည်းကို သန်မာစေပြီး အစိုဓာတ်ထိန်းပေးဖို့ Jojoba Oil၊ Avocado oil နဲ့ Shea Butter တို့လို သဘာဝအဆီတွေ လိမ်းပေးပါ။