ဂေါ်မစွံဘဝကနေ လွတ်မြောက်ချင်ပါတယ်ဆိုသူအတွက် နည်းလမ်းကောင်းလေးတစ်ချို့ကို ဖောက်သည်ချပေးချင်ပါတယ်။ ဒီအကြံပြုချက်လေးတွေကို လိုက်နာမယ်ဆိုရင်လက်တွဲဖော်တစ်ယောက်တော့သေချာပေါက်ရမှာပါ။

Crush တစ်ယောက်ထက် ပိုထားပါ

Source: Plugged In

Crush ဆိုတာကြီးက လကုန်ရက်တိုင်း မျှော်လင့်နေရတဲ့ ထီသည်ကြီးလိုပါပဲ။ မသေချာမှန်းသိသိနဲ့ကို အိပ်မက်တွေကြီးစွာ စောင့်နေရတာပါ။ လူတစ်ယောက်ကို ကိုယ်ဘက်က စ Crush ပြီဆိုတာနဲ့ ချေနည်းပေါင်းစုံနဲ့ အချေခံရပြီပဲ ဖြစ်ပါတယ်။

အကယ်၍ ကိုယ် ကြိတ် Crush နေတဲ့သူက ကောက်ကာငင်ကာ ရည်းစားရသွားပြီဆိုရင်တော့ ခဲလေသမျှ သဲရေကျပါပဲ။ ဒီလိုအဖြစ်မျိုးနဲ့ မကြုံတွေ့ရလေအောင် တတ်နိုင်သလောက် Crush နှစ်ယောက်သုံးယောက်အနည်းဆုံးရှိနေဖို့လိုပါတယ်။

ကိုယ့်ရဲ့ စတိုင်ကို ချိန်းပစ်ပါ

Source: Inside Out Style

အရင်ဆုံး ကိုယ်ရဲ့ ရှိရင်းစွဲ စတိုင်ဒီဇိုင်းတွေကနေ ရုန်းထွက်ဖို့ လိုပါတယ်။ ပြောင်းလဲသင့်တယ်ထင်တဲ့အရာတွေ အားလုံးကို ပြောင်းလဲရဲတဲ့ သတ္တိရှိပါ။ ရည်းစားတော့လိုချင်ပါရဲ့ ကပို ကရို စုတ်တိစုတ်ပဲ့ နေနေတုန်းပဲဆိုရင်တော့ ဆောတီးပဲလို့ ပြောသွားပါလိမ့်မယ်။

ဒါကြောင့် ကိုယ်ရဲ့ ဖက်ရှင်စတိုင်၊ ဆံပင်စတိုင် အားလုံးအားလုံးကို ပြောင်းလဲပြီး စိတ်သစ်လူသစ်နဲ့ သပ်သပ်ရပ်ရပ် ဝတ်စားနေထိုင်သူ တစ်ယောက်အဖြစ်ပြောင်းလဲပစ်ရပါမယ်။

စွဲစွဲမြဲမြဲ လုပ်တတ်တဲ့အရာတွေ လျော့ပါ

Source: www.self.com

ကိုယ်က အလုပ်မှအလုပ် (သို့) ဂိမ်းမှဂိမ်း ဒီလိုမျိုးတစ်ခုခု အပေါ်ကိုပဲ စွဲစွဲမြဲမြဲလုပ်နေမယ်ဆိုရင် ရည်စားရနိုင်ချေလုံးဝမရှိပါဘူး။ တစ်ခုလိုချင်ရင်တော့ တစ်ခုပြန်ပေးဆပ်ရတယ်ဆိုတာ ဓမ္မတာပဲဖြစ်ပါတယ်။ လုံးဝမလုပ်ရတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ သူ့အချိန်နဲ့သူ တစ်ကန့်စီ ခွဲထားမယ်ဆိုရင် အဆင်ပြေပါတယ်။ အ

ကြွေးရှင်ပဲ ကိုယ်နောက်ကလိုက်လာတ်တာပါ။ အခွင့်အရေးဆိုတာ ကိုယ့် နောက်ကိုလိုက်လာတတ်တဲ့ အရာတစ်ခုမဟုတ်တဲ့အတွက် စွဲစွဲမြဲမြဲလုပ်နေတဲ့အရာတွေကို လျော့ပြီး အခွင့်အရေးကို ကိုယ်တိုင်လိုက်ရှာဖို့လိုပါတယ်။

တုန့်ပြန့်မှုကို သုံးသပ်တတ်ပါ

အချစ်ရေးနဲ့ ပတ်သက်လာရင် ကိုယ်အနေနဲ့ အရမ်းကြီး ထုံအနေလို့ မရတော့ပါဘူး။ တစ်ထွာပြရင် တစ်လံမြင်တတ်မှ အဆင်ပြေမှာပါ။ ကိုယ့်ကို လုံးဝစိတ်မဝင်စားတဲ့ သူတစ်ယောက်ကို အတင်းအကျပ်တွေ စကားသွားပြောနေရင်တော့ ကျောက်ခဲရေညှစ်သလို ဖြစ်နေပါလိမ့်မယ်။