တစ်ခါတစ်လေ လက်သည်းအနားက အသားစလေးတွေ ထွက်နေတာကို လှန်မိသလိုများဖြစ်ရင် အသည်းခိုက်အောင် နာတာပါ။ ဒါ့အပြင် Paronychia လို့ ခေါ်တဲ့ ရောဂါပိုးကူးစက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးမဖြစ်အောင် ကာကွယ်နိုင်ဖို့နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်။

လက်အရေပြားခြောက်ရင် လက်အသားစလေးတွေ ကွဲထွက်တာကို ပိုဖြစ်စေတာမလို့ ဒီလိုမဖြစ်အောင် လက်ရဲ့အစိုဓာတ်ကို ထိန်းထားဖို့ သေချာပါစေ။

လက်သည်းတွေကို ကိုက်တဲ့အခါ ဘေးကအသားတွေကိုပါ ကိုက်မိတတ်ပြီး လက်အသားစလေးတွေကွဲတာကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် လက်သည်းကိုက်တဲ့အကျင့်ကို ပြင်ဖို့လိုအပ်ပါတယ်။

လက်သည်းပန်းကုံးလေးတွေက လက်သည်းကို ရောပါပိုးတွေကနေ ကာကွယ်ပေးတဲ့ အတားအဆီးမလို့ လက်သည်းပန်းကုံးတွေကို ညှပ်ပစ်မယ့်အစား Cuticle Pusher လေးနဲ့ အသာအယာတွန်းပါ။

လက်သည်းအသားစထွက်တဲ့အခါမျိုး ၊ လက်သည်းပဲ့တဲ့အခါမျိုးတွေမှာ လက်သည်းကိုညှိဖို့ အရည်အသွေးကောင်းတဲ့ Nail File ကို သုံးပါ။ သုံးတဲ့အခါ ဦးတည်ချက်တစ်ခုတည်းစီကိုသာ ဦးတည်ပါ။

ပန်းကန်းဆေးတာ ၊ အိမ်မှုကိစ္စတွေလုပ်တဲ့အခါ လက်အသားအရေခြောက်တာကို ကာကွယ်ဖို့ လက်အိတ်ဝတ်ပါ။

အိ်မ်သုံး Cleaners နဲ့ Beauty Products တွေသုံးတဲ့အခါ Chemical ပြင်းလွန်းတာတွေကို သုံးတာမျိုးရှောင်ပါ။ သူ့အစား သဘာဝ၊ အော်ဂဲနစ် နဲ့ တခြားရွေးချယ်စရာမျိုးကို ရွေးပါ။