သင့်အသားအရေကို သဘာဝအတိုင်း တောက်ပြောင်လာစေဖို့က အပြင်ပိုင်းချည်းဘဲ Skincare လုပ်ရုံနဲ့မရပါဘူး။ အသားအရေအတွင်းထဲကနေလည်း အတွင်းပိုင်းကနေလည်း ကျန်းမာဖို့လိုပါတယ်။ အခုပြောပြပေးမယ့်အချက်တွေကို သေချာလိုက်နာမယ်ဆိုရင်တော့ သဘာဝအတိုင်း ကျန်းမာပြီး တောက်ပတဲ့အသားအရေကို သေချာပေါက်ပိုင်ဆိုင်နိုင်မှာပါ။

လေ့ကျင့်ခန်း

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရင် ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေက ချွေးအနေနဲ့ထွက်သွားတာမလို့ အသားအရေကို တင်းရင်းကြည်လင်စေပါတယ်။

ရေဓါတ်

ရေများများသောက်ပေးတာက အသားအရေကို သဘာဝအတိုင်း စိုပြည်စေတာမလို့ ရေများများသောက်ပေးပါ။

Sunscreen

အပြင်သွားတိုင်း SPF 30 အနည်းဆုံးရှိတဲ့ Sunscreen ကို မဖြစ်မနေသုံးပါ။ UVA/UVB တို့ကို ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန် တပ်ပေးပါ။

Healthy Foods

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားပေးတာက ခန္ဓာကိုယ် ပျက်စီးမှုနဲ့ အသားအရေဖောတာ ရောင်တာတို့ကို လျှော့ချပေးနိုင်တာကြောင့် နုပျိုတဲ့ အသွင်အပြင်ကို ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။

များများအနားယူပါ

ညအိပ်ချိန်မှာ တစ်နေ့တာလုံး ပျက်စီးသွားတဲ့ အသားအရေကို ခန္ဓာကိုယ်က သူ့အလိုလို ပြန်လည်ပြုပြင်ပေးတာမလို့ အိပ်ရေးဝဝအိပ်တာက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သလို အလှအပအတွက်လည်း အရေးကြီးပါတယ်။