Sensitive skin တွေက ထိခိုက်လွယ်တာဖြစ်တဲ့အတွက် သူများထက်ပိုပြီး အစစအရာရာ ဂရုစိုက်သင့်ပါတယ်။ Skincare ဆိုလည်း သေချာရွေးသုံးသင့်ပါတယ်။ အခန့်မသင့်ရင် အသားအရေပိုခြောက်လာတာ၊ ဝက်ခြံထွက်တာ၊ ဖုတွေထွက်တာ စတဲ့ skin problem တွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် sensitive skin တွေအနေနဲ့ မလုပ်မိအောင်ဆင်ခြင်သင့်တဲ့ အချက် ၇ ချက်ကို မျှဝေပေးလိုက်ပါတယ်။

ဝက်ခြံတွေကိုမကုတ်ဖဲ့ပါနဲ့

ဝက်ခြံတွေကို ကုတ်ဖဲ့တာက ဘယ်လိုအသားအရေမျိုးမှာပဲဖြစ်ဖြစ် မလုပ်သင့်ပါဘူး။ သွေးထွက်ပြီး ပိုဆိုးလာတာ၊ နီမြန်းရောင်ရမ်းတာတွေ ဖြစ်လာစေပါတယ်။ ထိခိုက်လွယ်တဲ့ sensitive skin တွေမှာဆို ပိုဆိုးပါတယ်။ ဒါကြောင့် ဝက်ခြံတွေကို လက်နဲ့ကုတ်ဖဲ့တာ၊ ထိတာမျိုး လုံးဝမလုပ်ပါနဲ့။

Scrub ကြမ်းတာတွေမသုံးပါနဲ့

Sensitive skin တွေအနေနဲ့ scrub သုံးမယ်ဆိုရင် ကြမ်းတာတွေ မသုံးသင့်ပါဘူး။ အသားအရေပွန်းတာ၊ စပ်တာတွေ ဖြစ်တတ်သလို skin problem တွေလည်း ဖြစ်လာစေပါတယ်။ ဒါကြောင့် mild ဖြစ်တာပဲသုံးပါ။

Exfoliate ခဏခဏမလုပ်ပါနဲ့

တခြား skin တွေအတွက်ကတော့ exfoliate က တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် လုပ်လို့ရပေမယ့် sensitive skin တွေကတော့ တစ်ပတ်တစ်ကြိမ်ထက် ပိုမလုပ်တာကောင်းပါတယ်။ Exfoliate ခဏခဏလုပ်ရင် skin problem တွေ ပိုဖြစ်လာပါလိမ့်မယ်။

Sunscreen မလိမ်းပဲမနေပါနဲ့

Sunscreen မလိမ်းပဲနေရင် အသားအရေက ပိုထိခိုက်လွယ်ပြီး အမဲစက်နဲ့ တင်းတိတ်တွေ အမြန်ထွက်လာတာမျိုး၊ မျက်နှာမှာအညိုကွက်၊ အဖြူကွက်တွေ ဖြစ်လာတာမျိုး၊ မျက်နှာပိုမဲလာတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် sunscreen မလိမ်းပဲမနေပါနဲ့။

ပြင်းတဲ့ Skincare တွေမသုံးပါနဲ့

Sensitive skin တွေက mild ဖြစ်တာတွေ၊ sensitive skin အတွက် ထုတ်ထားတာတွေကို သုံးတာက ပိုစိတ်ချရပါတယ်။ အစုံလျှောက်မသုံးပါနဲ့။ အရေးကြီးတာကတော့ ပြင်းတဲ့ skincare တွေ မသုံးမိပါစေနဲ့။ အသားအရေ အလွယ်တကူ ထိခိုက်ပျက်စီးနိုင်ပါတယ်။

မျက်နှာကိုလက်နဲ့ခဏခဏမထိပါနဲ့

ထိခိုက်လွယ်တဲ့အသားအရေဖြစ်တဲ့အတွက် တချို့ဆိုရင် ညစ်ပတ်နေရာကို လက်နဲ့ကိုင်မိပြီး အဲ့လက်နဲ့ မျက်နှာကိုထိမိရင် ဝက်ခြံထွက်လာတာ၊ အကွက်ထတာမျိုးတွေအထိတောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ခဏခဏထိတာ၊ ကလိတာမျိုးတွေလည်း မလုပ်မိအောင် ဆင်ခြင်သင့်ပါတယ်။