ဆောင်းရာသီတင်မကပဲ မိုးတွင်းမှာကော၊ နွေရာသီမှာပါ နှုတ်ခမ်းက အမြဲကွဲပြီး ခြောက်နေမယ်၊ အဖတ်တွေလှန်နေမယ်ဆိုရင်တော့ နှုတ်ခမ်းလည်းမလှသလို၊ နှုတ်ခမ်းနီဆိုးရင်လည်း တော်တော်အဆင်မပြေပါဘူး။

ဒါကြောင့် အမြဲနှုတ်ခမ်းကွဲနေပြီး ခြောက်နေတာတွေ ပျောက်ဖို့အတွက် အမြဲပြုလုပ်ပေးရမယ့်အရာ (၄) မျိုးကို ပြောပြပေးလိုက်ပါတယ်။

တစ်ပတ် နှစ်ကြိမ် Scrub လုပ်ပါ။

နှုတ်ခမ်းကို တစ်ပတ်မှာ နှစ်ကြိမ်လောက် Lip Scrub လုပ်ပေးရင် ဆဲလ်သေတွေလည်း ဖယ်ရှားပေးသလို နှုတ်ခမ်းသားကိုလည်း ချောမွေ့စေပါတယ်။ နှုတ်ခမ်းကွဲတာ၊ ခြောက်တာ၊ အဖတ်လန်တာတွေကိုလည်း သက်သာစေပါတယ်။ အပတ်တိုင်းပုံမှန်လုပ်သွားဖို့တော့ လိုမယ်နော်။

Source: frankbody.com/uk

Lip Balm (သို့) Vaselin (သို့) Lip Mask နေ့တိုင်းသုံးပါ။

ညအိပ်ယာဝင်ခါနီးတိုင်းမှာ Lip Balm (သို့) Vaselin (သို့) Lip Mask ကို နှုတ်ခမ်းမှာ လိမ်းပြီးမှ အိပ်ပါ။ ညတိုင်း၊ နေ့တိုင်းလုပ်ပေးရမှာပါ။ ဒါမှလည်း နှုတ်ခမ်းကွဲတာ၊ ခြောက်တာ၊ အဖတ်လန်တာတွေ ထပ်မဖြစ်မှာပါ။

Source: fonologia.org

ဝမ်းမချုပ်ပါစေနဲ့။

ဝမ်းချုပ်ရင်လည်း နှုတ်ခမ်းကွဲပြီး ခြောက်စေတဲ့အတွက် ဝမ်းမချုပ်ပါစေနဲ့။ မနက်အိပ်ယာနိုးတိုင်း ဝမ်းပုံမှန်သွားအောင်လုပ်ပါ။ နေ့တိုင်းဝမ်းမှန်ရင်လည်း နှုတ်ခမ်းကွဲတာ၊ ခြောက်တာ သက်သာစေပါတယ်။

Source: Yahoo Life UK

ရေများများသောက်ပါ။

နှုတ်ခမ်းအမြဲကွဲတဲ့သူတွေ၊ ခြောက်တဲ့သူတွေက ရေကို ပုံမှန်ထက်ပိုသောက်ပေးရပါတယ်။ ရေခဲရေမသောက်ပဲ ရိုးရိုးရေကိုပဲ များများသောက်ပေးဖို့လိုပါတယ်။

ဒီအချက်လေးချက်ကိုသာ အမြဲမပြတ်လုပ်ပေးရင် နှုတ်ခမ်းကွဲတာ၊ ခြောက်တာ၊ အဖတ်လန်တာမျိုး လုံးဝမဖြစ်တော့ပဲ ချောမွေ့ပြီး နူးညံ့တဲ့ နှုတ်ခမ်းတစ်စုံကို ရရှိစေမှာပါ။