လက်ထပ်ထိမ်းမြားတယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။ လက်ထပ်ထိမ်းမြားပြီးလို့ ခင်ပွန်းဖြစ်လာတဲ့ ကိုယ့်အမျိုးသားကို ချစ်ဇနီးတို့ ဘာတွေလုပ်ပေးကြပါသလဲ။ သိပ်အထူးအဆန်းကြီးလုပ်ဖို့မလိုပါဘူး။ သာယာတဲ့အိမ်ထောင်ရေးအတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေလိုက်ပါတယ်။

မနက်ခင်းတိုင်း ကော်ဖီတစ်ခွက်ဖျော်တိုက်ပါ။

မိတ်ကပ်မလိမ်းပေမဲ့ သူ့အတွက် ကော်ဖီတစ်ခွက်မနက်ခင်းတိုင်းမှာအဆင်သင့်လုပ်ပေးပါ။ ကော်ဖီမကြိုက်ဘူးဆိုလည်း သူကြိုက်တဲ့ အသီးဖျော်ရည်ဖြစ်ဖြစ် တစ်ခုခု ဖျော်တိုက်ပါ။ တစ်နေ့တာလုံးအတွက် လိုအပ်သမျှ အားအင်တွေကို ချစ်ဇနီးကပေးတဲ့ ပေးလိုက်ပါ။

နောက်ထပ် ကျွန်မဘာလုပ်ပေးရဦးမလဲလို့ မေးပါ။

အရာအားလုံး တစ်ခုချင်းအသေးစိတ်တော့ သူ သင့်ကိုလုပ်ခိုင်းမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုမေးတဲ့အတွက် သင့်ရဲ့ ချစ်ခြင်းမေတ္တာကိုသူသိနိုင်ပါတယ်။ သင့်ရဲ့ သူ့အပေါ် ဂရုစိုက်မှု ပံ့ပိုးကူညီမှုတွေကို သူအသိအမှတ်ပြုလာပါလိမ့်မယ်။

ကဗျာဆန်ဆန် ဖန်တီးပေးပါ။

သူပြန်လာမဲ့ အဝင်လမ်းလေးမှာ နှင်းဆီပန်းတွေ ခင်းထားတာပဲဖြစ်ဖြစ်၊ သူကြိုက်တဲ့ ညစာကိုချက်ပြုတ်ပြီး ရိုမန်းတစ်ဆန်ဆန် ဖြတ်သန်းတာပဲဖြစ်ဖြစ် လုပ်ပါ။

သူနဲ့ အိမ်မှာမဟုတ်ဘဲ ချိန်းတွေ့ပါ။

အိမ်ထောင်ရှင်တွေဖြစ်သွားပြီးပဲ။ မလိုပါဘူးလို့ တွေးချင်တွေးကြပါလိမ့်မယ်။ ဒါပေမဲ့ အချစ်ဆိုတာ အမြဲတမ်း နုပျိုနေတဲ့အရာပါ။ သူ့ကို မပြောဘဲ တိတ်တိတ်လေး ရုပ်ရှင်လက်မှတ်ဝယ်ထားပြီး ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ သူသဘောကျတဲ့နေရာကို သွားတာပဲဖြစ်ဖြစ် လုပ်ပေးပါ။

သူ့ရဲ့ အိတ်ကပ်ထဲမှာ စာတိုလေးထည့်ပါ။

အရမ်းချစ်တယ်၊ အနားမှာရှိနေပေးမှာမို့ ကျေးဇူးတင်တယ်။ စသဖြင့် သူ့ကိုရင်ခုန်စေမဲ့ စာသားတွေကို ရေးပြီး သူ့အိတ်ကပ်ထဲကိုတိတ်တိတ်လေးထည့်ပေးပါ။

လပြည့်ည အောက်မှာ ချိန်းတွေ့ပါ။

လမင်းကြီးကသာပြီး မီးအိမ်မှိန်မှိန်လေးလင်းတဲ့နေရာမှာ ဇနီးမောင်နှံနှစ်ဦး ချိန်းတွေ့ပြီး ညစာစားပါ။ စိတ်တွေကြည်လင်လန်းဆန်းပြီး နှစ်ဦးလုံး ကြည်နူးနေမှာအမှန်ပါပဲ။

သူ့ရဲ့ ဝါသနာတွေကို ချစ်မြတ်နိုးပါ။

သူ သဘောကျခုန်မင်တဲ့ ဝါသနာတွေကို ကိုယ်လည်းချစ်မြတ်နိုးပါ။ သူဘာလို့ အဲဒီအရာကို ကြိုက်နှစ်သက်ရသလဲဆိုတာကို ရှာဖွေပါ။

သူ့အတွက် နေ့လည်စာလုပ်ပြီး ရုံးခန်းကို သွားပို့ပေးပါ။

သူကြိုက်နှစ်သက်တဲ့ နေ့လည်စာကိုတိတ်တိတ်လေးလုပ်ပြီး သူ့အလုပ်ရုံးခန်းကို သွားပို့ပေးပါ။ သူကမအားဘူး။ သူနဲ့အတူတူစားဖို့အခွင့်အရေးမရဘူးဆိုရင်လည်း စာတိုလေးတစ်စောင်ရေးထားခဲ့ပါ။

သူအရမ်းခင်မင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အိမ်မှာ ထမင်းဖိတ်ကျွေးပါ။

သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေသူငယ်ချင်းတွေကို ညစာဖိတ်ကျွေးပါ။ သူ့မိတ်ဆွေတွေကို တန်ဖိုးထားပါ။