Makeup ပြင်ရတာသဘောကျတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဆွဲဆောင်မှုရှိပြီးလှပတဲ့ Cool Tone Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ Daily Look အတွက်လည်း အဆင်ပြေသလို ပေါ့ပေါ့ပါးပါး ပွဲတက်အတွက်တွေဆိုလည်း အဆင်ပြေတဲ့ Look မျိုး ဖြစ်ပါတယ်။

အရင်ဆုံး မျက်ခုံးမွှေးဆွဲပါ။

ပြီးမှ Gel Eyeliner နဲ့ Wings ထွက်အောင်ဆွဲပြီး အောက်နားလေးတွေကိုပါ ဆွဲပေးပါ။ ပြီးမှ Liquid Liner နဲ့ Wings ကို အရာထပ်ပေးပြီးဆွဲပါမယ်။

ခဲရောင်အဖျော့ Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။ Eyeshadow က ဒီတစ်မျိုးပဲခြယ်ရမှာဆိုတော့ အရမ်းလွယ်ကူတယ်နော်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ Eye Look လေးပိုလှပြီး ဆွဲဆောင်မှုရှိသွားအောင်လို့ မျက်တောင်တုတပ်ပါမယ်။

မျက်လုံးအောက်နား မျက်ကွင်းညိုတဲ့နေရာ၊ နှာခေါင်းနှစ်ဖက်ဘေးကြားနေရာ၊ မေးစိနေရာတွေကို Concealer လိမ်းပါမယ်။

ပြီးမှသာ Foundation လိမ်းပါမယ်။ Foundation ကို လက်နဲ့မလိမ်းပဲ Makeup Sponge နဲ့လိမ်းပေးပါ။

Setting Powder လိမ်းပါမယ်။ Setting Powder လိမ်းတဲ့အခါမှာ မျက်နှာတစ်ပြင်လုံးကို ပွတ်လိမ်းတာမျိုးမလုပ်ပဲ မျက်လုံးအောကနားကို ဖိဖိပြီးလိမ်းပေးတာမျိုး၊ နှာခေါင်းနှစ်ဖက်လေးကြားနေရာကို ဖိဖိပြီးလိမ်းတာမျိုး ပြီးမှ နည်းနည်းချင်းစီ မျက်နှာကိုလိုက်လိမ်းတာမျိုး လုပ်ပေးပါ။ ဒါဆိုရင် Cakey မဖြစ်ပဲ သိပ်သိပ်ညက်ညက်လေးဖြစ်ပြီး ပိုလှပါတယ်။

နောက်တစ်ဆင့်မှာ နှာတံဖော်ပါမယ်။

မျက်လုံးအောက်နားကို Eyeshadow နဲ့ Wings ထွက်အောင် ပုံမှာဆွဲပြထားတဲ့အတိုင်း ဆွဲပါမယ်။

နှာတံနေရာနဲ့ တခြားကိုယ် Glow ချင်တဲ့နေရာတွေကို Highlighter သုံးပေးပါ။

ပိုပြီးဆွဲဆောင်မှုရှိသွားအောင်လို့ နှုတ်ခမ်းကိုပုံဖော်ပြီးမှ နှုတ်ခမ်းနီဆိုးပါမယ်။ နှုတ်ခမ်းနီကို အညိုဘက်သွားတဲ့အရောင်လေးပဲ ဆိုးမှာပါ။

ပါးနီကို ပန်းရောင်လေးခြယ်ပါမယ်။

ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိပြီးလှပတဲ့ Cool Tone Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။