ဒီနေ့ခေတ်မှာ ဖက်ရှင်တစ်ခုလိုဖြစ်နေတဲ့ တတ်တူးနဲ့ ချစ်သူပေါ်ထားတဲ့ ချစ်တဲ့မေတ္တာကို သက်သေပြချင်တဲ့ချစ်သူစုံတွဲတွေအတွက် စုံတွဲတွေကြားမှာ ရေပန်းစားနေတဲ့ Couple Tattoo Designs တချိုကို ဖော်ပြပေးလိုက်ပါတယ်။

ဒီတတ်တူးဒီဇိုင်းက ကိုယ့်နှလုံးသားသော့ကိုဖွင့်ဖို့ သူဆိုတဲ့ သော့တံလေးနဲ့ဖွင့်လို့ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

ဒီဒီဇိုင်းကတော့ ချစ်သူကောင်မလေးကို ဘုရင်မတစ်ပါးလို အလေးထားဆက်ဆံတတ်တဲ့ စုံတွဲတွေနဲ့ လိုက်ဖက်ပါတယ်။

တကယ်လို့ နာမည်အတိုကောက်ကို ထိုးချင်တာမျိုးဆို ဒီလိုထိုးလို့ရပါတယ်။

နှစ်ယောက်ကြားကဖြစ်လာတဲ့ ရင်ခုန်သံကို မျဉ်းတစ်ဝက်ဆီထိုးပြီး လက်နှစ်ဖက်ကို တွဲလိုက်တဲ့အခါ နှလုံးစည်းက တစ်သားတည်း ဖြစ်သွားပါတယ်။

အမြဲတမ်းအတူရှိမယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ လက်ကောက်ဝတ်မှာ ဒီလိုထိုးလည်း လှပါတယ်။

ဒါမှမဟုတ် သင်္ကေတတစ်ခုခုမျိုးရှာနေရင်တော့ နေနဲ့လ တက်တူးဒီဇိုင်းကို ရွေးလို့ရပါတယ်။