Skincare ဘယ်လောက်လုပ်လုပ် အချိန်တန်ရင် ပြန်ပြီးပေါ်လာတတ်တဲ့ ဆားဝက်ခြံပြဿနာကို သဘာဝနည်းလမ်းနဲ့ ဖြေရှင်းလိုက်ရအောင်နော်။

ပြုလုပ်နည်း (၁)

ပါဝင်ပစ္စည်း

  • နွားနို့ စားပွဲတင်ဇွန်း တစ်ဝက်
  • သံပုယိုသီးအရည် (သို့) သံပုရာသီးအရည် စားပွဲတင်ဇွန်း တစ်ဝက်
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်လုံးထဲ ရောထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် ဒယ်အိုးအသေးတစ်လုံးထဲထည့်ပြီး အပူရှိန်အနေတော်နဲ့ အပူပေးပါ။ အရည်က အနည်းငယ်ထူပျစ်ပျစ် ဖြစ်လာရင် မီးဖိုပေါ်ကချပါ။ ပြီးရင်အနည်းငယ်အေးအောင်ထားပြီး မျက်နှာပေါ်လိမ်းပါ။

ဆားဝက်ခြံတွေရှိတဲ့နေရာမှာ မိတ်ကပ်အတွက်သုံးတဲ့ Brush ကိုသုံးပြီး သေချာလိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၂ ခါ လုပ်ပါ။ ၃ ပတ်အနည်းဆုံးလုပ်ပေးပါ။

ပြုလုပ်နည်း (၂)

ပါဝင်ပစ္စည်း

  • နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျယ်လီမှုန့် (Gelatin Powder)

ပါဝင်ပစ္စည်း ၂ မျိုးကို ဒယ်အိုးအသေးတစ်လုံထဲထည့်ပြီး သည်ပေးပါ။ ဂျယ်လီမှုန့် သေချာပျော်ဝင်သွားတဲ့ထိ သေချာမွှေပေးပါ။ ပျော်သွားပြီဆိုရင် မီဖိုပေါ်က ချပါ။ ပြီးရင် နည်းနည်းအေးသွားအောက်ထားပါ။ အရင်ဆုံး မသုံးခင် အပူရှိန်များမများ လက်နဲ့ စမ်းသတ်ပါ။

ပြီးမှ မျက်နှာပေါ်က ဆားဝက်ခြံရှိတဲ့နေရာတွေမှာ လိမ်းပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ကပ်ထားတဲ့ဟာကို ခွာချပါ။ ဆားဝက်ခြံ ထွက်လာပြီး အသားအရေ ကြည်လင်သွားမှာဖြစ်ပါတယ်။

တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးပါ။

ပြုလုပ်နည်း (၃)

ပါဝင်ပစ္စည်း

  • မှုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နွားနို့ ခွက် ၁/၄ ပုံ

ခွက်အသေးတစ်လုံးထဲမှာ ပါဝင်ပစ္စည်း နှစ်မျိုးကိုထည့်လိုက်ပါ။ ပြီးရင် သေချာမွှေပေးပါ။ အဲဒီနောက် တဘက် (သို့) သစ်ရှုးစကို ရေနွေးစွတ်ပြီး မျက်နှာကိုသန့်ရှင်းရေးလုပ်ပါ။ ဆားဝက်ခြံရှိတဲ့နေရာကို စောစောကလုပ်ထားတဲ့ အရည်ကို အဓိကလိမ်းပါ။

ကျန်တဲ့နေရာတွေကိုလည်းလိမ်းပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေနွေးနဲ့ မျက်နှာသစ်ပါ။ ပြီးရင် ချွေးပေါက်ပြန်ကျဉ်းသွားအောင် ရေခဲ (သို့) ရေအေးအေးနဲ ထပ်သစ်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။ ၂ ပတ်ဆက်တိုက်လုပ်ပေးရမှာဖြစ်ပါတယ်။