လိမ္မော်ခွံကို အသားအရေအတွက်သာမက တခြား အိမ်တွင်းမှာ အနံ့အသက်ဆိုးတွေ ကင်းစင်စေဖို့နဲ့ ခြင်ပြေးစေဖို့ အသုံးပြုလို့ရပါသေးတယ်။

အခန်းတွင်းအနံ့သင်းစေဖို့ Freshener အနေနဲ့ သုံးမယ်

လိမ္မော်သီးရဲ့ သင်းပျံ့တဲ့ရနံ့လေးက အခန်းတွင်းမှာ အနံ့အသက်ဆိုးတွေကို ကင်းစင်စေပြီး လေထုကို လတ်ဆတ်စေပါတယ်။ ဧည့်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ ရုံးခန်း စတဲ့နေရာတွေမှာ အသုံးပြုလို့ရပါတယ်။

  • လိမ္မော်ခွံအနည်းငယ်
  • သံပုရာရည် (သို့) သံပုယိုရည် အနည်းငယ်
  • သစ်ကြံပိုးခေါက်ချောင်း ၂ ခု
  • ရေ ၂ ခွက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ရေကိုဆူဆူသည်ပါ။ ပြီးရင် ရေကို ရေဆစ်နဲ့ဆစ်ချပြီး အအေးခံပါ။

စပရေဘူးထဲကိုအဲဒီအရည် ထည့်ပြီး ဖြန်းပေးပါ။

ခြင်နိုင်ဆေး

လိမ္မော်ခွံဟာ ခြင်ပြေးဆေးအဖြစ် အသံးပြုလို့ရပါတယ်။ လိမ္မော်ခွံကို အမှုန့်လုပ်ပြီး မှေင်နေတဲ့နေရာ ခြင်တွေရှိနိုင်တဲ့နေရာမှာဖြန်းပေးပါ။ လိမ္မော်ခွံကို လက်ခြေထောက်တွေမှာ လိမ်းပေးပြီး လည်း ခြင်ကိုက်တာကို ကာကွယ်နိုင်ပါတယ်။