အသားအရေ glow တာတွေဘာတွေဖြစ်ဖို့ထက် အသားအရေကိုပဲ မပျက်စီးအောင် ပုံမှန်ထိန်းသိမ်းတာမျိုးပဲ လုပ်ချင်တယ်၊ အခြေခံအဆင့်တွေလောက်ပဲ သုံးချင်တယ်ဆိုတဲ့သူတွေ ရှိမှာပါ။ ဒီလို ပုံမှန်အသားအရေကို ထိန်းသိမ်းဖို့အတွက်ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ skincare 5 မျိုးပဲ ရှိပါတယ်။

Remover

ဒီတိုင်းမျက်နှာတန်းသစ်ရင်လည်း အသားအရေညစ်တာမျိုးတွေ၊ အညစ်အကြေးတွေ မပြောင်တာမျိုးတွေ ဖြစ်စေတဲ့အတွက် Remover သုံးပေးဖို့လိုပါတယ်။ Makeup remover တစ်ခုခု cleansing water လောက်ပဲဖြစ်ဖြစ် သုံးပြီးတော့ မျက်နှာမှာကပ်နေတဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေနဲ့ makeup အကြွင်းအကျန်တွေကို ဖယ်ရှားပစ်ဖို့ ညနေပိုင်း (သို့) ညပိုင်းမှာ သုံးပေးပါ။

Cleanser

ဒုတိယအဆင့်မှာမှ cleanser နဲ့ မျက်နှာသစ်ပါမယ်။ cleanser ကို မနက်၊ ည သုံးပေးပါ။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာမျိုးကို ရွေးသုံးပေးဖို့တော့ လိုပါတယ်။

Toner

Toner ကိုတော့ အသားခြောက်တဲ့သူဆိုရင် အသားအရေအတွက် hydration ကောင်းကောင်းပေးနိုင်တာမျိုးကို သုံးပေးသင့်ပါတယ်။ အသားအရေညစ်နေရင်တော့ brightening toner, rice toner စတာတွေ သုံးပေးနိုင်ပြီး ဝက်ခြံသမားဆိုလည်း ဝက်ခြံသမားအတွက် ထုတ်ထားတဲ့ toner မျိုးကိုပဲ သေချာရွေးသုံးပေးပါ။

Moisturizer

Moisturizer ကတော့ အသားအရေကို hydration ကောင်းကောင်းပေးနိုင်တာဆိုရင် အဆင်ပြေပါတယ်။ ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ moisturizer ကောင်းကောင်းလေးသာ သုံးပေးပါ။

Sunscreen

အသားအရေမပျက်စီးဖို့အတွက် sunscreen ကတော့ မရှိမဖြစ်ကို လိုအပ်ပါတယ်။ Sunscreen ကို ကောင်းကောင်းလေးသုံးပေးပါ။ တစ်ကြိမ်လိမ်းရုံနဲ့ တစ်နေကုန်ခံတာမျိုးမ ဟုတ်တဲ့အတွက် ၄ နာရီခြားတစ်ခါ ထပ်လိမ်းပေးဖို့ လိုပါတယ်။ ထပ်မလိမ်းချင်တဲ့သူဆိုရင် sun spray ပဲထပ်ဖြန်းတာမျိုး လုပ်ပေးရင် အဆင်ပြေမှာပါ။

မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်းမှာ sunscreen ကို မဖြစ်မနေ လိမ်းပေးရပါမယ်။ ဒါမှ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးတာမျိုး၊ အသားအရေညစ်တာမျိုး၊ အမဲစက်နဲ့ တင်းတိပ်တွေထွက်တာမျိုး၊ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ပေါ်လာတာမျိုး မဖြစ်မှာပါ။