ခုတစ်ခေါက် ဒီဆောင်းပါးလေးကနေပြီး ပြောချင်တာကတော့ လူ့ခန္ဓာကိုယ်ဆိုတာထက် လူတွေရဲ့ မျက်နှာကို ကြည်လင်ရှင်းသန့်စေနိုင်တဲ့ ဗီတာမင်တွေအကြောင်းပါ။

လူတွေဟာ ရှင်းကြည်နေတဲ့ မျက်နှာပုံစံကို သဘောကျနှစ်ခြိုက်ကြပါတယ်။ သူတပါးကိုလည်း ရှင်းရှင်းကြည်ကြည်လေး မြင်ချင်သလို ကိုယ်ကိုယ်တိုင်လည်း ရှင်းကြည်နေတဲ့ မျက်နှာထားလေးကို ပိုင်ဆိုင်လိုကြပါတယ်။

ဒီတော့ ဘယ်လို ဗီတာမင်တွေက ဘယ်လိုဓာတ်တွေရနိုင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

ဗီတာမင် အေ ၊ စီ၊ အီးတို့ အကြောင်း

ဗီတာမင် အေ ၊ စီ၊ အီးတို့ပါဝင်တဲ့ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေကတော့  မျက်နှာပေါ်က အမာရွတ်တွေကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိအပြည့်ရှိပါတယ်။ ဒါ့ကြောင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို အချိုးကျကျ စားသုံးပေးတာမျိုး သဘာဝအတိုင်း ပေါင်းတင်ပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။

ဗီတာမင် စီ

သံပုရာသီး စတဲ့ ဗီတာမင်စီ ဓာတ်ပါဝင်တဲ့ အသီးအနှံတွေဟာ Collagen ဓာတ်ကို ထောက်ပံ့ပေးပါတယ်။ ဒါ့ကြောင့် မျက်နှာပြင်ပေါ်က ဝက်ခြံကြောင့်ဖြစ်တဲ့ ချိုင့်ခွက်တွေကို ပြန်လည်ဖြည့်တင်နိုင်စွမ်းရှိတဲ့ အသီးအနှံတွေပါ။ နောက်ပြီး ဗီတာမင်စီဟာ  ကောင်းမွန်တဲ့ ဆဲလ်အသစ်တွေပြန်လည်မွေးပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိတာကြောင့်  ဆဲလ်အသစ်တွေ ထွက်ပေါ်ဖို့ လှုံ့ဆော်ပေးနိုင်တဲ့ ဓာတ်ဖြစ်ပါတယ်။

ဗီတာမင် အီး

ဗီတာမင်အီးကတော့  အသားအရည်ကို နူးညံ့စိုပြေစေပါတယ်။ ဗီတာမင်အီးဟာ အသားအရည်ကို ချောမွေ့သွားအောင် ပြုလုပ်ပေးနိုင်စွမ်းရှိတဲ့ ဓာတ်ဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်မှာရှိတဲ့  အမာရွတ်ဟောင်းကို အလွယ်တကူ ဖယ်ရှားနိုင်ပြီး ဦးရေပြားနဲ့ ဆံကေသာအတွက်လည်း အလွန်ကောင်းမွန်ပါတယ်။

ဗီတာမင် အေ နဲ့ ကေ

ဗီတာမင်အေ နဲ့ ဗီတာမင်ကေဓာတ်တွေကတော့ အသားအရည်ကို အာဟာရဖြည့်တင်းပေးနိုင်စွမ်းရှိတဲ့ ဗီတာမင်အမျိုးအစားတွေဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်မှာရှိတဲ့ အပြစ်အနာအဆာတွေကို ချွင်းချက်မရှိ ကင်းစင်ပြီး ကြည်လင်ရှင်းသန့်တဲ့ မျက်နှာပြင်ကို ရရှိပိုင်ဆိုင်နိုင်တဲ့ ဓာတ်သတ္တိ အပြည့်ရှိပါတယ်။