အခုချိန်မှာ အရမ်းကိုဟော့ဖြစ်နေတဲ့ အမျိုးသမီးကေပေါ့အိုင်ဒေါအဖွဲ့တွေထဲမှာ LE SSERAFIM အဖွဲ့ကလည်း တစ်ဖွဲ့အပါအဝင်ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ဒီအဖွဲ့ထဲက Yunjin ရဲ့ ဆံပင်ကာလာအရောင်လေးတွေ ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Yunjin က ဖက်ရှင်ဆိုဖက်ရှင် ဆံပင်အရောင်ဆိုလည်း ဆံပင်အရောင် ဆန်းဆန်းပြားပြား မိမိုက်တာတွေဆိုရင် ဆန်းကြည့်ဖို့အတွက် ဘယ်တော့မှ မနှေးတတ်ပါဘူးနော်။

အဖွဲ့ရဲ့ Comeback လုပ်တိုင်းမှာလည်း ဆံပင်အရောင်အသစ်နဲ့ အမြဲတမ်းတွေ့ရတတ်လို့ သူမရဲ့ပရိသတ်တွေကတော့ အမြဲကြွေဆင်းနေရသူလေးလည်း ဖြစ်ပါတယ်။

ဥပမာပြောရရင် “FEARLESS” တုန်းက အညိုရောင်၊ “ANTIFRAGILE” တုန်းက blonde နဲ့ “UNFORGIVEN” တုန်းကတော့ အနက် စသဖြင့် မရိုးရအောင် အရောင်ဆိုးလေ့ရှိပါတယ်။

အခုလိုမျိုး ဘာဝတ်ဝတ် ဘယ်အရောင်ဆိုးဆိုး အမြဲကြည့်လို့ကောင်းနေတဲ့ Yunjin ရဲ့ ဆံပင်အရောင်ငါးမျိုးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

အနက်ရောင်

Blonde အရောင်

အညိုဖျော့ရောင်

လိမ္မော်ရောင်

အနီရောင်