ခြေဖမိုးလေးဖြူပြီးသန့်နေရင် ဘယ်အချိန်ကြည့်ကြည့် လှနေတာပါပဲ။ အဲ့တာလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါကြောင့် ခြေဖမိုးဖြူချင်တဲ့သူတွေအတွက် ခြေဖမိုးဖြူလာစေဖို့ ပုံမှန်လုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။
နေ့တိုင်းခြေထောက်တိုက်ပါ
ရေချိုးတိုင်းမှာ ခြေထောက်ကို ခြေထောက်တိုက်တဲ့ brush နဲ့တိုက်ပေးပါ။ သေချာလေးတိုက်ပေးရင် တစ်လလောက်ဆို ခြေထောက်က အရင်ထက်ပိုသန့်လာတာကို တွေ့ရမှာပါ။ ပုံမှန်လုပ်ပေးသွားရင်တော့ ဖြူလာပါလိမ့်မယ်။
Scrub တိုက်ပါ
တစ်ပတ်မှာ ၂ ကြိမ်လောက် scrub တိုက်ပေးပါ။ ပျင်းရင်တောင်မှ တစ်ပတ်တစ်ကြိမ်တော့ ပုံမှန်တိုက်ပေးပါ။ ဒါဆိုရင်တော့ အသားအရေက အရင်နဲ့ သိသိသာသာ ကွာခြားလာမှာပါ။
Foot Cleansing လုပ်ပါ
ဖြစ်နိုင်ရင် တစ်လတစ်ခါလောက် ဆိုင်မှာ foot cleansing လုပ်ပေးပါ။ အသားမာတက်တာတွေ၊ ခြေထောက်ကွဲတာတွေလည်း သက်သာပြီး ခြေဖမိုးလေးတွေလည်း အရက်ထက်ပိုဖြူလာမှာပါ။
Lotion လိမ်းပါ
ခြေဖမိုးဖြူချင်တယ်ဆိုရင် lotion လိမ်းဖို့မပျင်းပါနဲ့။ ရေချိုးပြီးတိုင်း lotion လိမ်းပါ။ ညအိပ်ယာဝင်ခါနီးမှာလည်း ခြေထောက်ကို ဆေးကြောပြီး lotion ပြန်လိမ်းပေးပါ။ ဒါဆိုရင် အသားအရေစိုပြည်ပြီး ဖြူလာမှာပါ။
Sunscreen လိမ်းပါ
တော်တော်များများက ခြေဖမိုးဖြူတာမျိုး လိုချင်ပေမယ့် sunscreen တော့ မလိမ်းကြပါဘူး။ Lotion လောက်ပဲလိမ်းပြီး sunscreen ကိုတော့ တကူးတက မလိမ်းကြတာများပါတယ်။ ဒီတော့ ခြေဖမိုးဖြူချင်တယ်၊ နေရောင်ခြည်ဒဏ်ကြောင့် ပြန်မဲတာမျိုးလည်း မဖြစ်ချင်ဘူးဆိုရင် နေ့ဘက်တွေမှာ sunscreen လည်းလိမ်းပါ။ Lotion လည်းလိမ်းပါ။ ဒါဆိုရင်တော့ လအနည်းငယ်အတွင်းမှာပဲ အသားအရေက သိသိသာသာ ပြောင်းလဲပြီး ကောင်းမွန်လာမှာ သေချာပါတယ်။