ဒီနေ့ဆောင်းပါးလေးမှာ ပြောပြပေးသွားမှာကတော့ ဘယ်လိုအကြောင်းအရာလေးတွေ ပြောပြီး ကိုယ်ကြွေနေတဲ့ Crush က ကိုယ့်ကို စိတ်ဝင်စားလာအောင် လုပ်မလဲဆိုတာပါပဲ။

(၁) သူ့အကြောင်း မေးပါ

ဒါမျိုးက ဘယ်တော့မှ မမှားမယ့် ခေါင်းစဉ်ပါ။ လူတိုင်းဟာ သူတို့ဘဝကိုတော့ စိတ်အဝင်စားဆုံးပါ။ သူတို့အကြောင်းကို စိတ်ဝင်တစားနဲ့ စကားစလာသူတွေကိုလည်း သဘောအကျဆုံး ဖြစ်ပါတယ်။

(၂) အကြိုက်လေးများအကြောင်း ပြောပါ

နှစ်ယောက် အကြိုက်တူတဲ့ အရာတွေရှိရင် စကားဝိုင်း စည်ပါတယ်။ ဥပမာ- စာအုပ်ကြိုက်သူချင်း (အထူးသဖြင့် စာရေးဆရာတစ်ယောက်ယောက်ကို စွဲဖတ်ပြီး ကြိုက်တဲ့သူတွေဆို) ပိုပြီး စကားပြောလို့မဝတော့ပါဘူး။

သူလည်း ကိုယ့်ကို အထင်ကြီးသွားပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း တူညီမှုတွေကြောင့် ပိုပြီး ဂရုစိုက်ဖြစ်ပါလိမ့်မယ်။ တကယ်လို့ သူဘာဝါသနာပါ သလဲ ၊ ဘာကို ကြိုက်သလဲ မသိရင် မေးဖို့ ရှက်မနေပါနဲ့။

(၃) ပွဲတွေအကြောင်း စကားစကြည့်ပါ

တကယ်လို့ အပေါ်က နှစ်ချက်နဲ့ အလုပ်မဖြစ်ရင် ဘယ်လို ပွဲတွေကြိုက်သလဲ ၊ သီချင်း ဂီတဆိုရင် ဘယ် Band ကို ကြိုက်သလဲ စသည်ဖြင့် မေးသင့်ပါတယ်။

(၄) အလုပ်အကြောင်း

နည်းနည်း သတိထားပါ။ သူ့အလုပ်ကို မကြိုက်တဲ့တစ်ယောက် ဖြစ်နေရင် စကားလမ်းကြောင်းကို အမြန်ပြောင်းသင့်ပါတယ်။ အထူးသဖြင့် တစ်ချို့သူတွေဟာ အလုပ်ကို ကိုယ်ပိုင်ဘဝနဲ့ ခြားထားတတ်သူတွေ ဖြစ်လို့ အလုပ်အကြောင်းကို အပြင်မှာ လာပြောရင် မကြိုက်ကြပါဘူး။

(၅) ဘဝအတွေ့အကြုံ

ဒါလေးက မိုက်တယ်။ လူတိုင်းမှာ မတူတဲ့ ဖြတ်သန်းမှုနဲ့ အတွေ့အကြုံဆန်းတွေ ရှိကြတာပဲလေ။ သူ့ဘဝအကြောင်း ၊ သူ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအကြောင်းကို ပြောလာအောင် စကားလမ်းကြောင်း ပေးတတ်ဖို့လိုပါတယ်။

(၆) မေးခွန်းထုတ်ပါ

မေးတတ်ရင် စကားရပါတယ်။ စကားဝိုင်းမှာ ပွဲစည်အောင် သူ့နေရာနဲ့သူ လိုက်ဖက် ထိရောက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းလေးတွေနဲ့ စကားထောက်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ Crush ဟာ ကိုယ့်ကို စကားတွေ အများကြီး ပြောလာပါလိမ့်မယ်။ မေးခွန်းရွေးတတ်ဖို့တော့ အရေးကြီးပါတယ်။