အခုနောက်ပိုင်း နှုတ်ခမ်းကို စိုစိုရွှဲရွှဲလေးဖြစ်အောင် ဆိုးထားတဲ့ Glossy Lips လေးတွေက Trend ဖြစ်နေပါတယ်။ ဒီလို စိုရွှဲနေတဲ့နှုတ်ခမ်းလေးပိုင်ဆိုင်နိုင်ဖို့က အခုပြောပြမယ့် အဆင့် ၄ ဆင့်ဘဲလိုပါတယ်။
Step 1: Exfoliation လုပ်ပါ
Glossy Lips အတွက်ဆို ချော့မွေ့တဲ့နှုတ်ခမ်းသားဖြစ်နေဖို့က အရေးကြီးတာမလို့ နှုတ်ခမ်းသားခြောက်ပြီး ကွဲနေတာ မညီမညာဖြစ်နေတာတွေကို သက်သာစေဖို့ Lip Scrub သုံးပြီး နှုတ်ခမ်းကို Exfoliation လုပ်ပေးပါ။
Step 2: Lip Balm လိမ်းပါ
Exfoliation လုပ်ပြီးရင် နှုတ်ခမ်းသားကို အစိုဓာတ်ထိန်းပေးဖို့ ရေဓာတ်ပါတဲ့ Lip Balm ကို လိမ်းပေးပါ။ ဒါက နှုတ်ခမ်းသားကို တောက်ပနေအောင် ကူညီပေးပါတယ်။
Step 3: ပုံဖော်ပါ
ပြီးရင်တော့ ပုံကျတဲ့နှုတ်ခမ်းလေးရဖို့ Lip Pencil သုံးပြီး နှုတ်ခမ်းပုံဖော်ပေးပါ။ နှုတ်ခမ်းအရောင်နဲ့ နီးစပ်နိုင်သမျှ နီးတဲ့အရောင် ဒါမှမဟုတ် ရွေးထားနှုတ်ခမ်းနီအရောင်ထက် နုတာကိုရွေးပါ။
အဆင့် 4: Lip Gloss လိမ်းပါ
နောက်ဆုံးအဆင့်မှာတော့ ကိုယ်ကြိုက်တဲ့ ရွေးထားတဲ့ Lip Gloss ကို ဆိုးပေးပါ။