စိတ်ခံစားချက်ဆိုးရွားတဲ့နေ့တွေဆိုတာ ရှိမှာပါပဲ။ ဒီလိုနေ့တွေမှာ ကိုယ့်စိတ်ကို ပျော်အောင်ထားတတ်ဖို့ စိတ်ခံစားချက်တွေကို ပြောင်းလဲသွားအောင်လုပ်ဖို့ပဲ လိုပါတယ်။ ဒါဆိုရင် နေရတာအဆင်ပြေသွားပါလိမ့်မယ်။ စိတ်ခံစားချက်ဆိုးရွားနေတာကို ပြောင်းလဲသွားအောင် ကူညီပေးမယ့် ရိုးရှင်းသောလုပ်ဆောင်မှုတွေလည်း ရှိတာကြောင့် ဒီအရာတွေကို လုပ်ကြည့်လိုက်နော်။

Horror Movie ကြည့်ပါ

Horror Movie ကြည့်ခြင်းက Movie ထဲကိုပဲ စိတ်ရောက်ပြီး စိတ်ခံစားချက်ကို ပြောင်းလဲသွားစေပါတယ်။ တချို့ကျတော့ ဟာသတွေပဲကြည့်ချင်တာမျိုးလည်း ရှိပါတယ်။ မကြောက်တတ်ဘူးဆိုရင်တော့ Horror Movie ကြည့်ပါ။

ကခုန်ပါ

အိမ်မှာပဲဖြစ်ဖြစ်၊ Club မှာပဲဖြစ်ဖြစ် မြူးကြွတဲ့သီချင်းတွေနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ပါးပြီး ကခုန်လိုက်ပါ။ ဘယ်ဆီကိုမှ စိတ်မရောက်တော့ပဲ အားလုံးကို လွှတ်ချလိုက်သလိုမျိုး ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။

ရေနွေးစိမ်ပြီးရေချိုးပါ

ဘယ်မှမသွားချင်တဲ့သူတွေဆိုရင် ရေနွေးစိမ်ပြီး ရေချိုးလိုက်ပါ။ စိတ်ရောကိုယ်ပါ Relax ဖြစ်ပြီး နေလို့ကောင်းသွားမှာမို့ စိတ်ခံစားချက်ဆိုးရွားနေတာကို ပြောင်းလဲသွားအောင ်ကူညီပေးနိုင်ပါတယ်။

ပုံမှန်ပတ်ဝန်းကျင်ကနေထွက်သွားလိုက်ပါ

စိတ်ခံစားချက်ဆိုးရွားနေတာက နေ့စဉ်ရက်ဆက်ဖြစ်နေတယ်ဆိုရင် ပုံမှန်ကိုယ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်ကနေ ထွက်သွားပြီးတော့ ကိုယ်သွားချင်တဲ့နေရာကို သွားလိုက်ပါ။ ခရီးရက်ရှည်သွားတာမျိုးဆို အရမ်းကောင်းပါတယ်။ ကိုယ့်စိတ်ခံစားချက်ကို ပြောင်းလဲပေးနိုင်ပါတယ်။

ရေခဲမုန့်စားပါ

ရေခဲမုန့်စားတာကတော့ ကိုယ့်စိတ်ခံစားချက်ကို ခဏတာပြောင်းလဲပြီး ပျော်ရွှင်အောင်လုပ်ပေးနိုင်မယ့် လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ရေခဲမုန့်စားနေရင်းနဲ့ စိတ်ပျော်ရွှင်လာပြီး ဝမ်းနည်းတဲ့စိတ်တွေ၊ မကောင်းတဲ့ စိတ်ခံစားချက်တွေ လျော့ကျသွားပါလိမ့်မယ်။ ရေခဲမုန့်မကြိုက်တဲ့သူတွေဆိုရင် အရသာရှိတာလေးတွေစားကြည့်လိုက်ပါ။