အကြောင်းအမျိုးမျိုးကြောင့် Anxiety ဖြစ်နေတဲ့သူတွေအတွက် Anxiety တွေကို လျှော့ချပေးနိုင်မယ့် သဘာဝနည်းလမ်း ၇ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါတွေက နေ့စဉ်ဘဝမှာ လုပ်သွားဖို့အတွက် အလွယ်ကူဆုံးသော နည်းလမ်းတွေ ဖြစ်ပါတယ်။

Active ဖြစ်အောင်နေပါ

တစ်နေကုန်ထိုင်းမှိုင်းပြီး စိတ်ညစ်နေရင် စိတ်ခံစားချက်က ပိုဆိုးလာစေပါတယ်။ ဒါကြောင့် Active ဖြစ်အောင်နေပါ။ လူက တက်ကြွလန်းဆန်းနေရင် စိတ်ဖိစီးမှု၊ မကောင်းတဲ့ စိတ်ခံစားချက်တွေ၊ စိုးရိမ်ပူပန်မှုတွေက အလိုလိုပျောက်သွားစေပါတယ်။ ဒါကြောင့် သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ တခြားတစ်ခုခု လုပ်ရင်းနဲ့ အပန်းဖြေနေလိုက်ပါ။

အရက်လျှော့သောက်ပါ

အရက်သောက်တတ်တဲ့သူဆိုရင် အရက်ကိုလျှော့သောက်သင့်ပါတယ်။ စိတ်ညစ်လို့သောက်ရင်းနဲ့ စိတ်ခံစားချက်တွေက ပိုဆိုးလာမှာပါ။ ဒါကြောင့် Anxiety တွေကို လျှော့ချချင်တယ်ဆိုရင် အရက်ကိုလျှော့သောက်ပါ။

ကော်ဖီလျှော့သောက်ပါ

ကော်ဖီသောက်တာများရင် အိပ်မပျော်တာ၊ ရင်တုန်တာတွေဖြစ်ပြီး နေလို့မကောင်းတဲ့အတွက် စိတ်ခံစားချက်တွေလည်း ပိုဆိုးလာစေပါတယ်။ ဒါကြောင့် ကော်ဖီကြိုက်တယ်ဆိုရင်တောင်မှ တစ်နေ့ ၂ ခွက်ထက် ပိုမသောက်သင့်ပါဘူး။

တရားထိုင်ပါ

Stress တွေများရင်ပဲဖြစ်ဖြစ်၊ Anxiety ဖြစ်နေရင်ပဲဖြစ်ဖြစ်၊ ဒေါသတွေကိုထိန်းချုပ်ဖို့အတွက်ပဲဖြစ်ဖြစ် လုပ်ရမယ့်အရာကတော့ တရားထိုင်ဖို့ပါပဲ။ တရားထိုင်မှ စိတ်တည်ငြိမ်ပြီး စိတ်ရောကိုယ်ပါ Relax ဖြစ်စေမှာပါ။

အိပ်ရေးဝအောင်အိပ်ပါ

Anxiety တွေလျှော့ချချင်ရင် နေ့တိုင်း အိပ်ရေးဝအောင်အိပ်ပါ။ နောက်ကျမှအိပ်တာမျိုးမလုပ်ပါနဲ့။ အိပ်ရေးပျက်ရင် စိတ်ခြောက်ခြားတာ၊ စိတ်အဆင်မပြေတာ၊ စိတ်ဆတ်တာတွေ ဖြစ်ပြီးတော့ စိတ်ခံစားမှုပိုဆိုးလာစေပါတယ်။

အစားအသောက်သေချာစားပါ

လူတိုင်းကတော့ စိတ်ညစ်ရင် အစားအသောက်ပျက်ကြတာပါပဲ။ ဒါပေမယ့် အစားအသောက်ပျက်ရင် လူကအားမရှိဖြစ်ပြီး ခေါင်းမူးတာ၊ ရင်တုန်တာတွေဖြစ်ပြီး စိတ်ရောကိုယ်ပါ နေလို့မကောင်းတော့ပါဘူး။ ဒါကြောင့် အစားအသောက်ကို သေချာစားပါ။ အာဟာရမျှတအောင်စားပါ။ အရသာရှိတာတွေစားပါ။

Chamomile Tea သောက်ပါ

Chamomile Tea က Stress တွေ Anxiety တွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ယာဝင်ခါနီးတိုင်း Chamomile Tea တစ်ခွက်သောက်ပြီးအိပ်ပါ။