Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်ဖို့ အစကတည်းက အကြောင်းအရာတော်တော်များများကို ရှင်းရှင်းလင်းလင်းရှိနေဖို့က အရေးကြီးပါတယ်။ ဒါကြောင့် Relationship တစ်ခုမစခင်မှာ ကိုယ့်ကိုယ်ကို အရင်ဆုံး ဒီမေးခွန်းတွေမေးကြည့်ပါ။

1. တစ်ယောက်ယောက်က မင်းနဲ့ သင့်ရဲ့လက်တွဲဖော်က အရမ်းတူတယ်လို့ပြောရင် ပျော်မှာလား ?

သင်ချစ်သူရဲ့ ကောင်းတဲ့ဆိုးတဲ့ တချို့အချက်တွေက သင်နဲ့တူတယ်လို့ တယောက်ယောက်ကနှိုင်းယှဥ်တဲ့အခါ သင့်စိတ်ထဲဖြစ်လာတဲ့ ခံစားချက်က ဂုဏ်ယူမှာလား ? ဒါက Relationship တစ်ခုရဲ့ အခြေခံအုတ်မြစ်ဖြစ်သတဲ့ တစ်ယောက်ပေါ်တစ်ယောက် အပြန်အလှန်လေးစားမှုရှိမရှိနဲ့ လေးစားမှုကို တိုင်းတာတဲ့နည်းတစ်ခုဆိုလည်း မမှားပါဘူး။

2. တကယ်ပျော်နေသလား ဒါမှမဟုတ် တစ်ယောက်တည်းမနေချင်တာကြောင့်လား ?

သူနဲ့အတူရှိရင်ကိုဘဲ တကယ်ပျော်တာလား ? ဒါမှမဟုတ် သင့်ဘဝအတွက် အားဖြည့်တင်းပေးပြီး အထီးကျန်မှုမဖြစ်အောင် အတူရှိချင်တာလား ? သင့်ရဲ့ဆက်ဆံရေးက ဘဝအတွက် တန်ဖိုးရှိမရှိ ဒါမှမဟုတ် အထီးကျန်မှုကို ကာကွယ်ရုံသက်သက်လားဆိုတာ သေချာသိဖို့လိုပါတယ်။

3. စိတ်ချမ်းသာရလား ?

သူတို့နဲ့ အတူရှိနေတာက သင့်ကို စိတ်ချမ်းသာစေရဲ့လား ? မဟုတ်ရင် ဘာအတွက်လဲ ? ချစ်ခြင်း၊ မြတ်နိုးခြင်း နဲ့ တန်ဖိုးထားခြင်းကို အထူးတလည် မခံစားမိဘူဆိုရင် သင့်ဆုံးဖြတ်ချက်ကို ပြန်စဥ်းစားသင့်ပါပြီ။