အားကစားဝါသနာပါသူတွေအဖို့ လှေကားထစ်တွေက ကိုယ့်ရဲ့ လေ့ကျင့်ရေးကွင်း ဖြစ်လာနိုင်ပါတယ်။ Stair Workout လုပ်ခြင်းအားဖြင့် ကယ်လိုရီလောင်ကျွမ်းစေပြီ ကျစ်လျစ်ကျန်းမာတဲ့ ဘော်ဒီတစ်ခု ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လှေကားထစ်တွေပေါ်မှာ Bodyweight လေ့ကျင့်ခန်းတချို့ကို ပြောပြချင်ပါတယ်။
(၁) Box Jump Squats
Box Jump Squats ကစားဖို့အတွက် အရင်ဆုံး လှေကားထစ်ပေါ်မှာ ခါးညွှတ်တင်ကို နောက်ပစ်ထားရမှာပါ။ ပြီးရင် Squad ပုံစံအတိုင်းထိုင်ချပြီး လှေကားထစ်ပေါ် ခုန်တက်ရမှာပါ။ ခန္ဓာကိုယ်ဟန်ချက်မှန်အောင် ထိန်းထားဖို့ မမေ့ပါနဲ့။
(၂) ပြေးတက် ပြေးဆင်း
လှေကားထစ်အောက်ခြေကနေ အပေါ်ဆုံးအထိ ပြေးတက်/ပြေးဆင်း လုပ်ရမှာပါ။ ဒီလို လေ့ကျင့်ခန်းတွေက ရင်ပြင်နဲ့ Public Park တွေမှာ ရှိတတ်တဲ့ လှေကားတွေပေါ် လုပ်ဖို့ အကောင်းဆုံးပါပဲ။
(၃) Tricep Dips
လှေကားထစ်တွေပေါ် ပက်လက်လှန် ၊ လက်ပြန်ထုတ်ပြီး ခြေထောက်တွေ ဆန့်ထုတ်ထားပါ။ ထောင့်မှန်တြိဂံပုံစံအနေအထား ဖြစ်နေပါလိမ့်မယ်။ ပြီးရင် ပြောင်းပြန်ဒိုက်ထိုးတဲ့ ပုံစံနဲ့ လက်မောင်းအားသုံးပြီး ခန္ဓာကိုယ်ကို အတင်အချ လုပ်ပေးရမှာ ဖြစ်ပါတယ်။
(၄) Lunges
ဒီနည်းက လှေကားထစ်အောက်ခြေနားမှာ ကစားပေးရမှာပါ။ လှေကားအောက်ခြေမှာ ညာခြေကို ပထမလှေကားထစ်ပေါ် ထားပြီး ခါင်းထောက်ပြီး ဒူးညွှတ်ရမှာပါ။ ပြီးရင်ညာဒူးကို ညွှတ်လိုက် မတ်လိုက် ကစားပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဘယ်ဘက်ဒူးကို အလားတူ ကစားပေးရမှာပါ။
(၅) Incline Push-Ups
လှေကားပေါ်ဒိုက်ထိုးတဲ့ နည်းက အတော်များများ သိကြပါလိမ့်မယ်။ ပုံမှန်ဒိုက်ထိုးသလိုပါပဲ။ လှေကားထစ်တွေပေါ် မှောက်ပြီး ဒိုက်ထိုးရတာ ဖြစ်ပါတယ်။