Belly Fat တွေဟာ နာတာရှည်ရောဂါနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်စေနိုင်တဲ့ ကင်ဆာလိုမျိုး ရောဂါတွေအထိ ဖြစ်စေနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။
ဒါ့ကြောင့် Belly Fat တွေကို ခပ်ပေါ့ပေါ့ သဘောမထားဖို့နဲ့ ဝမ်းဗိုက်မှာအဆီတွေစုလာရင် အမြန်ဆုံးဖယ်ရှားဖို့လိုမှာပါ။ ဒီနေ့တော့ ဝမ်းဗိုက်အဆီတွေ ဖယ်ရှားဖို့ အခြေံခံ အချက် ၃ ချက်ကိုမျှဝေပေးမှာပါ။
Diet လုပ်ပေးပါ
Diet အနေနဲ့ လိမ္မော်သီး ဖျော်ရည် ၊ ဂျုံပေါင်မုန့် ၊ Oat Meal တို့ကို စားပေးရမှာပါ။ သကြားကတော့ ဗိုက်အဆီချသူတွေ မဖြစ်မနေရှောင်ရမယ့် ရန်သူစာရင်းမှာသာ ထည့်ထားလိုက်ပါ။ ကျန်တာကတော့ အသီးအနှံနဲ့ အမျှင်ဓါတ်များတဲ့ သဘာဝအစားအသောက်တွေ စားပေးနိုင်ပါတယ်။
အိပ်ချိန်မျှတမှုရှိပါစေ
အိပ်ရေးဝခြင်းနဲ့ အလွန်အကျွံအိပ်စက်ခြင်းတွေဟာ ဗိုက်အဆီပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုပုံစံကတော့ တစ်ညကို ၆ နာရီနဲ့ ၇ နာရီအကြားပဲ အိပ်သင့်ပါတယ်။
အစားအသောက် စားပြီးခါစမှာ အိပ်ရာတန်းမဝင်ဖို့လည်း လိုပါတယ်။ အကောင်းဆုံးက အိပ်ချိန်နဲ့ အစားအသောက် စားမယ့်အချိန်ကို အနည်းဆုံး ၁ နာရီ ၊ ၁ နာရီခွဲလောက် ခွာထားဖို့ သင့်ပါတယ်။
လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
အရွယ်ရောက်သူတစ်ယောက်အနေနဲ့ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ကိုယ်လက်လှုပ်ရှားမှုတော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ ရွရွပြေးတာ ၊ လမ်းလျှောက်တာနဲ့ အေရိုးဗစ်ကစားနည်းလိုမျိုး သိပ်မပြင်းထန်လွန်းတဲ့ လှုပ်ရှားမှုတွေကတော့ လုပ်ရလွယ်ပါတယ်။
ဗိုက်အဆီချဖို့ဆိုရင် ဒိုက်ထိုးတာ ၊ စက်ဘီးစီး ၊ ခြေထောက်မြှောက်/ဘောလုံးပစ်တဲ့ Leg Crunch / Ball Crunch လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုပါတယ်။