Gym သွားပြီးဆော့တာမျိုးလည်း မလုပ်ချင်ဘူး အိမ်မှာ ပေါင်အဆီကျအောင် လုပ်ချင်တဲ့သူတွေအတွက် အိမ်မှာ try ကြည့်သင့်တဲ့ ယောဂကျင့်စဉ်တွေကို မျှဝေပေးလိုက်ပါတယ်။
Warrior pose
ပုံမှာလုပ်ပြထားတဲ့အတိုင်းကို ဘယ်ညာတစ်လှည့်စီ လုပ်ပေးရုံပါပဲ။ တစ်ဖက်ကို ၁ မိနစ်စီနေပေးရင် ရပါပြီ။
Boat pose
ပုံမှာလုပ်ပြထားတဲ့ Boat pose အတိုင်း ၁ မိနစ်နေပေးပါ။ ၁ မိနစ်မနေနိုင်ရင် စက္ကန့် ၃၀ နေပြီး ခဏနား ပြီးရင်ထပ်လုပ်ပြီး နောက်ထပ် စက္ကန့် ၃၀ ထပ်နေပေးရမှာ ဖြစ်ပါတယ်။
Chair pose
Chair pose အနေအထားနဲ့လည်း ၁ မိနစ်နေပေးရုံပါပဲ။
Triangle pose
ပုံမှာလုပ်ပြထားတဲ့ Triangle pose နဲ့ ၁ မိနစ်နေပြီး အချိန်ပြည့်ရင် ဘယ်ညာပြောင်းကာ နောက်ထပ် ၁ မိနစ်ထပ်နေပေးပါ။
Bridge pose
Bridge pose နဲ့ကတော့ အနည်းဆုံး ၁ မိနစ်ရအောင် နေပေးပါ။
Pigeon pose
Pigeon pose ကို ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်ကို သေချာပုံစံမှန်အောင် လုပ်ပေးပါ။ အဲ့အတိုင်း ၁ မိနစ်နေပြီး အချိန်ပြည့်ရင် ဘယ်ညာပြောင်းလုပ်ပြီး နောက်ထပ် ၁ မိနစ် ထပ်နေပေးပါ။
Camel pose
Camel pose အနေအထားနဲ့ အနည်းဆုံး ၁ မိနစ်မှ ၂ မိနစ်အထိ နေပေးနိုင်ပါတယ်။
Garland pose
Garland pose နဲ့လည်း ၁ မိနစ်ပဲနေရမှာပါ။ ခြေချောင်းတွေက အပြင်ကိုလှည့်နေတဲ့ပုံစံမျိုး ဖြစ်နေရပါမယ်။
Tree pose
Tree pose အနေအထားနဲ့ ၁ မိနစ်နေရမှာပါ။ ခြေထောက်က ကွေးတာကို ဘယ်ညာတစ်လှည့်စီ လုပ်ရပါမယ်။ တစ်ဖက်ကို ၁ မိနစ်စီ အဲ့အတိုင်း နေပေးရမှာ ဖြစ်ပါတယ်။