တစ်ရက်တစ်ရက် စိတ်ပင်ပန်းစရာအကြောင်းတရားတွေက အများသား။ အလုပ်ကြောင့် ၊ မိသားစုကြောင့် ၊ ရောဂါဘေးကြောင့် ၊ စီးပွားရေးအခြေအနေတွေကြောင့် စတဲ့စတဲ့ မရေတွက်နိုင်တဲ့ အကြောင်းတရားတွေက စိတ်ပင်ပန်းစရာအဖြစ် လူတွေရဲ့နေ့စဉ်ဘဝထဲ ဝင်ရောက်နေပါတယ်။
ဒီလို စိတ်ပင်ပန်းစရာတွေနဲ့ ကြုံလာတဲ့အခါ စိတ်သက်သာရာရစေပြီး ရွှင်လန်းတက်ကြွစေမယ့် အလွယ်ဆုံးလေ့ကျင့်ခန်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) Bicycle Crunches
ဆိုဖာပေါ်မှာ စက်ဘီးစီးတဲ့လေ့ကျင့်ခန်းပါ။ တကယ့်စက်ဘီးစီးတာမျိုး မဟုတ်ဘဲ ဆိုဖာခုံတန်းတစ်ခုပေါ်မှာ ထိုင်ပြီး လုပ်ရတာပါ။ ဆိုဖာပေါ် ထိုင်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်ထားပြီး ခါးအားထိန်းရင်းနဲ့ ခြေထောက်တွေကို လေထဲမှာ စက်ဘီးစီးသလို လှုပ်ရှားရတာ ဖြစ်ပါတယ်။ တစ်ကြိမ်ကို အခါ ၂၀ နှုန်းနဲ့ ၃/၄ ကြိမ် လုပ်ရမှာပါ။
(၂) Aerobic
အေရိုးဗစ်လေ့ကျင့်ခန်းတွေက ချွေးစို့လာပြီး သွေးလည်ပတ်မှုအမြန်တက်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုထဲမှာ ပါပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းတွေဟာ ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ဖို့ စိတ်ကြည်လင်ရွှင်လန်းစေဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတွေပါပဲ။
အေရိုးဗစ်ရဲ့ အဓိကအားသာချက်က သွေးထဲ အောက်ဆီဂျင်ရောက်ရှိမှုကို အမြန်တက်စေပြီး ချက်ချင်းစိတ်လက်ရွှင်လန်းစေတာပဲ ဖြစ်ပါတယ်။
(၃) Low-Key Exercises
ယောဂ တို့ ထိုက်ကျိတို့လို အားကစားတွေကို Low-Impact, Low-Key Exercises တွေလို့ ခေါ်ပါတယ်။ အပေါ့စား ကိုယ်လက်လှုပ်ရှားမှုထဲမှာ ပါတဲ့ ရေကူးတာ ၊ စက်ဘီးစီးတာ ၊ လမ်းလျှောက်တာတွေကိုလည်း Low-Key Exercises ထဲမှာ ထည့်ပြောကြပါတယ်။
Cardio ပိုင်း အားပေးပြီး နှလုံးခုန်နှုန်းကို ပိုမြင့်စေပြီး ပင်ပန်းမှုကို သိသိသာစာ လျော့ပါးစေတာကြောင့် စိတ်ပင်ပန်းလာတယ်လို့ ခံစားရင် နေရာက ထပြီး လမ်းလျှောက်တာ ၊ ထိုက်ကျိကစားတာမျိုး လုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။