သံပုယိုသီးနှင့် မုန့်ဖုတ်ဆိုဒါဟာ အိမ်တိုင်းလိုလိုမှာ ရှိတတ်တဲ့ အစားအစားပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ထိုပစ္စည်းတွေက သင့်ရဲ့ဝက်ခြံနှင့် အသားအရေပြဿနာများကို ဖြေရှင်းပေးနိုင်တယ်ဆိုတာကို သင် သိပြီးပါပြီလား။

သံပုယိုသီးနှင့် မုန့်ဖုတ်ဆိုဒါဖြင့် မျက်နှာပေါင်းတင်ပေးပါက အသားအရေ ညစ်ညမ်းမှုကို ပျောက်ကင်းသက်သာစေပြီး ဝက်ခြံနှင့် အမဲစက်များကိုလည်း ဖယ်ရှားပေးပါတယ်။ အသားအရေ မညီမညာဖြစ်ခြင်းမှ ကာကွယ်ပေးပြီး အသားအရေ လှပစေပါတယ်။ ဒါဆိုရင် သံပုယိုသီးနှင့် မုန့်ဖုတ်ဆိုဒါကို ဘယ်လိုအသုံးပြုပေးရမလဲ။

နည်းလမ်း (၁)

သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာနှင့် လည်ပင်းတစ်ဝိုက်တွင် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့် ပေါင်းတင်ပေးပြီးနောက် ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

သတိထားရမယ့်အချက်တစ်ခုကတော့ ၁၅ မိနစ်ခန့် ပိုပြီး မပေါင်းတင်မိဖို့ပါပဲ။ နို့မဟုတ်ရင် အသားအရေနီမြန်းလာတတ်ပါတယ်။

နည်းလမ်း (၂)

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာနှင့် လည်ပင်းတစ်ဝိုက်တွင် နှံ့အောင် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာတဲ့အခါမှာတော့ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

ဒီနည်းလမ်းကိုလည်း တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ ပျားရည်က သင့်အသားအရေကို နူးညံ့စြေ့ပီး ရေဓာတ်ဖြည့်ပေးပါတယ်။

အထက်ဖော်ပြပါနည်းလမ်း နှစ်မျိုးထဲက မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်မျိုးမျိုးကို ပုံမှန်ပြုလုပ်ပေးပါက သင့်အသားအရေက ကြည်လင်စိုပြေလာပါလိမ့်မယ်။