ဆောင်းရာသီအတွက် လိုက်ဖက်မှုရှိနေစေမယ့် Snowflake လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လှပတဲ့လက်သည်းဒီဇိုင်းလေးတွေဖြစ်လို့ မိန်းကလေးတွေ သဘောကျမှာသေချာပါတယ်။

Snowflake လက်သည်းဒီဇိုင်းလေးကိုမှ အဖြူရောင်တွေပဲသုံးပြီး ပုံဖော်ထားတာဖြစ်လို့ သန့်ပြီး အရမ်းလှပါတယ်။ ကြည့်လိုက်တာနဲ့ ထင်းနေမှာပါ။

အကြည်ပေါ်မှာ ခဲရောင်လေးကိုသုံးပြီး Snowflake ဒီဇိုင်းလေးပုံဖော်ထားတာက ဆောင်းရာသီနဲ့ အရမ်းလိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းလေးပါပဲ။

ပန်းရောင်ကြိုက်တဲ့ မိန်းကလေးတွေဆိုရင် Snowflake ကိုမှ ဒီလိုလက်သည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ မိန်းကလေးဆန်ပြီးလှပါတယ်။

ဒါလေးကတော့ Snowflake လက်သည်းဒီဇိုင်း အဆန်းလေးပါ။ ခရမ်းရောင်ကြိုက်ရင်တော့ ဒီလိုလေးပုံဖော်ကြည့်နော်။

ဘိုဆန်ပြီး အရောင်ငြိမ်ငြိမ်လေးနဲ့လှတဲ့ Snowflake လက်သည်းဒီဇိုင်းလေးပါ။ ပုံဖော်ထားတာလေးကလည်း ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။

Cat Eyes ကိုမှ Snowflake ဒီဇိုင်းလေးပုံဖော်ထားတာဖြစ်လို့ အရမ်းလှပါတယ်။ အဖြူရောင်မဆိုးချင်ရင် ဒီလိုလေးပုံဖော်ဆိုးကြည့်နော်။

အကြည်လေးပဲဆိုးပြီး ရိုးရိုးလေးပုံဖော်ချင်တယ်ဆိုရင်တော့ သေချာပေါက် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့လှပါတယ်။

လူငယ်ဆန်ပြီးလှတဲ့ Snowflake လက်သည်းဒီဇိုင်းလေးပါ။ လက်သည်းအချွန်လေးထားတယ်ဆိုရင် ဒီလိုလေးပုံဖော်ကြည့်နော်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ရှင်းရှင်းလေးနဲ့ဆန်းပြီးလှတာမျိုးပါ။ Snowflake ကိုမှ ဒီလိုလေးပုံဖော်တာလည်း လှပါတယ်။

လက်သည်းအချွန်ထားရင် ဒီလို Snowflake ဒီဇိုင်းလေးလည်း ပုံဖော်လို့ရပါသေးတယ်။ ငွေရောင်ဆိုးရတာကြိုက်ရင် ပုံဖော်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။

Photo source:www.pinterest.com