အသားအရေ ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ သူ့ကိုဂရုစိုက်ပေးခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်ကို ကျန်းမာအောင် ထိန်းသိမ်းထားခြင်းရဲ့ သော့ချက်တစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး အသားအရေကို ဂရုစိုက်ရာမှာလည်း နည်းမှန်လမ်းမှန်ကို အသုံးပြုမိဖို့လည်း လိုအပ်ပါတယ်နော်။ ကိုယ်နဲ့အဆင်ပြေလား တည့်ရဲ့လားဆိုတာကို မစဥ်းစားဘဲနဲ့ တွေ့ရာနည်းလမ်း၊ ကြားဖူးသမျှ နည်းလမ်းတွေအကုန်လုံးကို လိုက်လုပ်နေလို့တော့ မဖြစ်သေးပါဘူး။

အခုတစ်ခေါက် ဒီဆောင်းပါးလေးမှာတော့ အသားအရေ ကျွမ်းကျင်ပညာရှင်တွေ လက်သင့်မခံထားတဲ့ Skincare နည်းလမ်းတွေပဲဖြစ်ပါတယ်။

၁။ လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် အရေးအကြောင်းတွေ ဖယ်ရှားနိုင်တယ်

မျက်နှာကို လေ့ကျင့်ခန်းလုပ်ပေးတာဟာ ထင်ထားတာနဲ့မတူဘဲ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်ပါတယ်။ အသားအရေက အလျော့အတင်းရှိတာမို့ မျက်နှာကို ခဏခဏ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သားရေပင်တွေလိုမျိုး ဆွဲတာများရင် ရော့ရဲရဲဖြစ်လာနိုင်လို့ အရေးအကြောင်းတွေတောင် ပိုဖြစ်နိုင်ပါတယ်။

၂။ ဝက်ခြံကို သွားတိုက်ဆေးအုံခြင်း

သွားတိုက်ဆေးမှာပါဝင်တဲ့ Menthol က အေးမြစေတဲ့ သက်ရောက်မှုရှိလို့ ရောင်ရမ်းမှုကို ခဏတာ သက်သာစေပေမယ့်လည်း မျက်နှာပေါ်မှာ လိမ်းခြင်းက အသားအရေကို ယားယံစေနိုင်ပါတယ်။

၃။ နေပူဆာလှုံခြင်းက ဝက်ခြံသက်သာစေခြင်း

နေရောင်ခံခြင်းက ဝက်ခြံကြောင့် နီရဲခြင်းကို ယာယီဖုံးကွယ်ပေးနိုင်ပေမယ့်လည်း ကိုယ့်အတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ နေရောင်ခြည်က အဆီပြန်တဲ့အသားအရေကို ခြောက်သွေ့စေပြီး ကုန်သွားတဲ့အဆီအတွက် အသားအရေက ပိုပိုပြီး ထုတ်လုပ်နေပါလိမ့်မယ်။ အဲ့ကနေမှ ဝက်ခြံတွေ ပိုဖြစ်လာစေနိုင်ပါတယ်။ နောက်ပြီး နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည်ပါဝင်တာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

၄။ Moisturizer အစား Coconut Oil အသုံးပြုခြင်း

Coconut Oil က ကျန်းမာရေးအကျိုးကျေးဇူး အများကြီးရှိပြီးတော့ နီရဲခြင်းတို့ကို သက်သာစေပေမယ့်လည်း သင်က အဆီပြန်တဲ့အသားအရေ ပိုင်ရှင်ဆိုရင်တော့ ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။

၅။ အဆီပြန်လို့ မျက်နှာ ခဏခဏသစ်ခြင်း

လိုတာထက် ပိုပြီးတော့ မျက်နှာသစ်ခြင်းဖြင့် အသားအရေအပေါ်ယံက အလွှာကို ပျက်စီးလာစေနိုင်ပါတယ်။ ထိုအပေါ်လွှာမှာ ဖုန်မှုန့်၊ အညစ်အကြေး စတာတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတဲ့ အဆီပါဝင်တာမို့ အဆီမရှိတော့ဘူးဆိုရင် Balance မညီတော့ဘဲ အသားအရေနီရဲရောင်ရမ်းလာမှာဖြစ်ပါတယ်။

၆။ အိမ်ထဲမှာမို့ Sunscreen သုံးစရာမလိုဘူး

အပြင်မသွားဘူး အထဲမှာပဲနေတယ်ဆိုတာနဲ့ပဲ နေရောင်ခြည်ဒဏ်ကနေပြီး အသားအရေကို ကာကွယ်ဖို့လိုအပ်ပါသေးတယ်။ မှန်ပြတင်းပေါက်တွေက ခရမ်းလွန်ရောင်ခြည် နည်းနည်းကိုသာ ကာကွယ်ပေးနိုင်လို့ ခရမ်းလွန်ရောင်ခြည် ထိတာများလာရင် အရေးအကြောင်းတွေ၊ အစက်အပြောက်တွေနဲ့ အရေပြားကင်ဆာတွေအထိ ဖြစ်လာနိုင်လို့ အထဲမှာဖြစ်ဖြစ် အပြင်သွားရင်ဖြစ်ဖြစ် Sunscreen သုံးကို သုံးပေးရပါမယ်။