အသားအရေအစိုဓာတ်ထိန်းပေးတဲ့ Moisturising ခရင်မ်ကို နေ့တိုင်း အသုံးပြုရဲ့လား။ တစ်ခါမှအသုံးမပြုဘူးဆိုရင်တော့ ဒီနေ့ကစပြီး အသုံးပြုသင့်ပါတယ်။ မျက်နှာသစ်ပြီးတိုင်း၊ ရေချိုးပြီးတိုင်း၊ Scrub လုပ်ပြီးတိုင်းမှာ မျက်နှာက အစိုဓာတ်ရရှိဖို့အတွက် Moisturising ခရင်မ်ကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။

မျက်နှာက အစိုဓာတ်မရှိဘဲ ခမ်းခြောက်နေမယ်ဆိုရင် ပါးရေတွန့်ခြင်း၊ အရေးအကြောင်းများ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာပြီး အိုမင်းရင့်ရော်လာပါလိမ့်မယ်။ အစိုဓာတ်ပြည့်ဝတဲ့အသားအရေကတော့ အမြဲတမ်းငယ်ရွယ်နုပျိုနေပြီး ကျန်းမာလန်းဆန်းနေတဲ့ပုံပေါ်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ စာဖတ်သူတို့အတွက် ဘယ်လို Moisturising ခရင်မ်အမျိုးအစားကို ရွေးချယ်ဝယ်ယူသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Neutrogena Hydro Boost

ရေဓာတ်ကောင်းကောင်းဖြည့်ပေးလို့ အသားလေးစိုနေစေတဲ့အပြင် Dehydrated ဖြစ်ပြီး အသားကြမ်းတဲ့သူတွေအတွက်လည်း အသားလေးနူးညံ့စိုအိလာစေပါတယ်။

Kiehl’s Ultra Facial Cream

ရေဓာတ်ကို 24 hr အထိ အပြည့်အဝ ဖြည့်ပေးနိုင်လို့ အသားအရေ မွဲခြောက် ကြမ်းတမ်းတာတွေကို သက်သာစေပါတယ်။ နောက်ပြီးတော့ Light weight texture ဖြစ်လို့ ‌အသားထဲစိမ့်ဝင်မြန်ပြီး အသားအရေကိုလည်း ကြည်လင်ဝင်းပစေတယ်။

Cetaphil Daily Oil-Free

All Skin Types သုံးလို့ရတဲ့ပြီး Light Weight Formula ဖြစ်တဲ့အတွက်ကြောင့် လိမ်းလိုက်ရင်လည်း စေးကပ်မှုမရှိဘဲ အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။

Cera Ve Moisturizing Lotion

Moisturizing factor ဖြစ်တဲ့ Glycerin နဲ့ အသားရေ ရေဓာတ်ခမ်းခြောက်တာ ကာကွယ်ပေးမယ့် Silicone တို့ ပါဝင်ပါတယ်။ ဒါ့အပြင် Skin Barrier ကို ပြန်လည်အားဖြည့်ပေးတဲ့ Ceramide နဲ့ Hydroelectric acid တို့လည်း ပါဝင်ပါသေးတယ်။ မျက်နှာအတွက်သာမက ခန္ဓာကိုယ်အတွက်လည်း အသုံးပြုလို့ရပါတယ်။