ဆောင်းရာသီမှာ တော်တော်များများက အသားအရေခြောက်သွေ့ပြီး အသားညစ်တာ၊ ကြမ်းတမ်းတာမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်က အဲ့လိုမဖြစ်ချင်ဘူး ဆောင်းရာသီရောက်လည်း Glow Skin ဖြစ်ချင်တယ်ဆိုရင်တော့ ဒီ Skincare Steps 7 ခုကို သုံးပေးနော်။
Double Cleansing
Double Cleansing Step ကတော့ အရမ်းအရေးကြီးပါတယ်။ Double Cleansing သေချာမလုပ်ပဲနဲ့ Skincare တွေလိမ်းနေရင် ဝက်ခြံတွေ၊ အဆီဖုတွေ ပေါက်လာတာပဲရှိပါမယ်။ ထိရောက်မှုမရှိပါဘူး။ ဒါကြောင့် Double Cleansing သေချာလုပ်ဖို့ မပျင်းပါနဲ့။
Exfoliating
တစ်ပတ်တစ်ခါ Exfoliating လုပ်ပေးမှ အသားအရေမှာ ကပ်ကျန်နေတဲ့ အညစ်အကြေးတွေနဲ့ Dead Skin Cells တွေကို သေချာဖယ်ရှားပေးနိုင်မှာပါ။ ကိုယ်လိမ်းမယ့် Skincare တွေကိုလည်း ပိုပြီးစုပ်ယူနိုင်လာမှာပါ။
Toner
Toner ကို Hydartion ကောင်းတာလေး ရွေးသုံးပေးပါ။ မနက်၊ ည သေချာသုံးပေးပါ။
Serum
ဆောင်းရာသီမှာဆိုရင် အသားခြောက်တတ်တဲ့အတွက် Serum လိမ်းပေးသင့်ပါတယ်။ Serum ရဲ့ လုပ်ဆောင်မှုက အရေးကြီးတဲ့အတွက် Serum ကို ကောင်းကောင်းလေးသုံးပေးရင်တော့ ပိုကောင်းပါတယ်။ Oily Skin ကလွဲလို့ ကျန်တဲ့ Skin Type တွေက Serum ကို မနက် ည သုံးပေးပါ။
Moisturizer
Moisturizer ကို Hydration ကောင်းကောင်းပေးနိုင်တာမျိုး ပြောင်းသုံးပါ။ ဒါလည်း မနက် ည သုံးပေးရမှာပါပဲ။
Sheet Mask
Glow Skin လိုချင်တယ်ဆိုရင်တော့ Sheet Mask ကပ်ဖို့လည်း မပျင်းနဲ့နော်။ တစ်ပတ်မှာ ၃ ကြိမ်တော့ ကပ်ပေးပါ။
Sunscreen
Skincare တွေလိမ်းနေပြီး Sunscreen မလိမ်းရင်တော့ ပိုက်ဆံကုန်ပြီး အသားအရေပျက်စီးလာမှာပါ။ နေရောင်ခြည်ဒဏ်ကြောင့် တင်းတိတ် အမဲစက်တွေထွက်တာ၊ အရေးအကြောင်းတွေပေါ်တာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ Sunscreen လိမ်းကိုလိမ်းသင့်ပါတယ်။