ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေထဲမှာမှ ဒီတစ်ခါမှာတော့ လူငယ်ကောင်မလေးတွေအတွက် အနီးကပ်ပုံလေးတွေရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ချစ်စရာပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ထိုင်ပြီးရိုက်တဲ့အခါ လက်ကို ဘယ်လိုပို့စ်ပေးရမှန်းမသိရင် ဒီပို့စ်လေးကို Try ကြည့်နော်။

ပို့စ်သိပ်မပေးတတ်လည်း ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်လေးပါ။ ခက်ခဲတဲ့ပို့စ်မျိုးမဟုတ်လို့ အဆင်ပြေမှာပါ။

လှေကားမှာထိုင်ရိုက်တဲ့အခါမှာတော့ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

အဝတ်အစားလှလှလေးတွေဝတ်ထားတဲ့အခါမှာတော့ ရှေ့တည့်တည့်မရိုက်ပဲ လက်မှာ ပိုက်ဆံအိတ်လေးချိတ်ပြီး ဒီလိုရိုက်ကြည့်ပါ။ လှပတဲ့ပုံကောင်းလေး ထွက်လာပါလိမ့်မယ်။

ချစ်ဖို့ကောင်းတဲ့ Cute Type ကြိုက်တဲ့ ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းပြီး လူငယ်ဆန်စေမယ့် ပို့စ်အိုင်ဒီယာလေးပါ။

နောက်ကျောပုံလေးတွေရိုက်တဲ့အခါ အကုန်နောက်ကျောပေးထားတာမျိုးမလုပ်ပဲ ခေါင်းကိုနည်းနည်းလေးစောင်းပြီး မျက်နှာပေါ်အောင် ဒီလိုလေးပို့စ်ပေးကြည့်နော်။

ဒီပို့စ်ကလည်း ချစ်ဖို့ကောင်းပြီး လူငယ်ဆန်တဲ့ ပို့စ်ပေးနည်းလေးပါ။ Try ကြည့်ကြည့်နော်။

လက်ထဲမှာ အအေးဘူး (သို့) ကော်ဖီဘူးလေးကိုင်ထားပြီဆိုရင် ဒီပို့စ်လေးအတိုင်းသာ ပို့စ်ပေးလိုက်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ကမ်းခြေမှာဓာတ်ပုံရိုက်တဲ့အခါ လက်ထဲအိတ်လေးပါနေရင် ဒီပို့စ်လေးအတိုင်း ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

မိန်းကလေးဆန်ပြီးလှတဲ့ ဂါဝန်လေးတွေဝတ်ထားရင် လှလှပပပုံလေးရအောင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်အလှကိုလည်း ပိုပြီးပေါ်လွင်စေပါတယ်။

Photo source:www.pinterest.com