အပြင်သွားလို့ ဂါဝန်ဝတ်တဲ့အချိန် ဆံပင်ဘယ်လိုပြင်ရမလဲဆိုတာ စဥ်းစားရခက်နေရင် ဒီလိုပုံစံလေးတွေ ပြင်သွားကြည့်ပါ။ လုပ်ရတာလည်း လွယ်သလို ဆံပင်ပုံစံက ရိုးပေမယ့် ချစ်စရာကောင်းတဲ့ပုံစံဖြစ်စေတာမလို့ သင့်ကို တခြားလူနဲ့ မတူအောင် ပေါ်လွင်စေမှာပါ။

ရှေ့ဆံပင်နှစ်ပိုင်းကိုယူပြီး ကျစ်ဆံမြီးကျစ်ပြီးရင် အနောက်ဘက်မှာ စည်းလိုက်ပါ။ ဒီဆံပင်ပုံစံက သင့်ကို Disney မင်းသမီးလေးလို ချစ်စရာကောင်းစေမှာပါ။

အရမ်းလှပြီးအနုစိတ်တဲ့ဝတ်စုံနဲ့ဆိုရင်တော့ အလိုက်ဆုံးက ကျစ်ဆံမြီးပါ။ ဆံပင်ရှည်လေ ကျစ်ဆံမြီးက ပိုလှလေပါပဲ။

ဆံပင်ရဲ့ အလယ်တစ်ပိုင်းကို ညှပ်ပြီး ဆံပင်နှစ်ဖက်ကို နောက်ပြန်စည်းတဲ့ဒီပုံစံက ပွဲအခမ်းအနားတွေအတွက် သင့်တော်ပါတယ်။

ဆံပင်ကိုအကုန်စုစည်းပြီး Ponytail စည်းလိုက်ပါ ။ ပိုလှတဲ့ဆံပင်ပုံစံမျိုးရအောင် အရှေ့ဆံပင်နည်းနည်းကို ချန်ထားလိုက်ပါ။

Sexy ဆန်ဆန် ကောက်ကြောင်းတွေကိုပေါ်စေတဲ့ ဝတ်စုံအတွက်ဆိုရင်တော့ ထူပြီးကောက်သားများတဲ့ဆံပင်ပုံစံက အလိုက်ဖက်ဆုံးပါ။

အလျင်စလိုဖြစ်နေလို့ ဆံပင်ပုံစံလုပ်ဖို့ အချိန်မရှိဘူးဆိုရင် ဆံပင်နောက်ဘက်မှာ ကလစ်လေးနဲ့ နှစ်လွှာပုံစံညှပ်လိုက်ပါ။ ဒီဆံပင်ပုံစံကရိုးပေမယ့် ချစ်စရာကောင်းတဲ့ပုံစံနဲ့ စတိုင်လ်ကျစေပါသေးတယ်။

ဆံပင်ကို ပြေပြေလေးကောက်ပြီး Ponytail အနိမ့်လေးစည်း ဘေးမှာချထားလို့လည်း ရပါသေးတယ်။

ဆံပင်ကို အပေါ်အောက်တစ်ဝက်ချည်ပြီး ပြေပြေလေးကောက်ထားတဲ့ဒီပုံစံမျိုးကလည်း တော်တော်လှပါတယ်။

အချိန်မရတဲ့အခါမျိုးဆို ဆံပင်အကုန်စုပြီး ကလစ်လေးနဲ့ ကပိုကရိုပုံစံလေးညှပ်လိုက်ပါ။