ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုမချစ်တော့တဲ့အခါ စွန်လွှတ်ဖို့ပဲ စဉ်းစားဖို့ရှိပါတော့တယ်။ ဆက်ပြီးဖက်တွယ်ထားမယ်၊ တစ်ယောက်ထဲ ဆက်ချစ်နေမယ်ဆိုရင် ကိုယ်ပဲပင်ပန်းပြီး နာကျင်ရမှာပါ။ ဒါကြောင့် သင်ချစ်တဲ့သူတစ်ယောက်ကို စွန့်လွှတ်နိုင်ဖို့ အကြံပြုချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုဦးစားပေးပါ

တခြားအရာတွေထက် ကိုယ့်ကိုယ်ကိုဦးစားပေးပြီး စဉ်းစားပါ။ ကိုယ်နာကျင်ခံစားရမယ့်အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကို ပျော်အောင်ထားပါ။ ဒီလူကိုစွန့်လွှတ်နိုင်မှ အပြည့်အဝပျော်ရွှင်နိုင်မယ်၊ ရှေ့ဆက်နိုင်မယ်ဆိုတာကို မမေ့ပါနဲ့။

အလုပ်များအောင်နေပါ

ကိုယ်ချစ်တဲ့သူတစ်ယောက်ကို စွန့်လွှတ်နိုင်ဖို့ဆိုရင် သူ့အကြောင်းတွေးနေဖို့ အချိန်မရှိအောင် လုပ်ရပါမယ်။ ဒီတော့ အလုပ်များအောင်သာနေပါ။

အဆက်အသွယ်ဖြတ်ပါ

အဆက်အသွယ်လုပ်လို့ရမယ့် အရာမှန်သမျှကို ဖြတ်ဖို့လုပ်ရပါမယ်။ အဆက်အသွယ်လုပ်လို့ရနေရင် ကိုယ့်စိတ်ကို Control မလုပ်နိုင်တာ ပိုဆိုးသွားပါလိမ့်မယ်။

ကိုယ်ပျော်ရွှင်မယ့်အရာကိုရှာပါ

တခြား ကိုယ်ပျော်ရွှင်ရမယ့် အရာတွေကိုလည်း ရှာပါ။ ကိုယ့်ပျော်ရွှင်မှုကို ဒီလူတစ်ယောက်ထဲဆီမှာပဲ ပုံအပ်မထားပါနဲ့။ တခြားပျော်စရာတွေရှာပြီး ဒီလူကို စွန့်လွှတ်နိုင်အောင် ကြိုးစားပါ။ ပျော်စရာတွေရလာရင် အလိုလို အဆင်ပြေသွားပါလိမ့်မယ်။

တစ်ဖက်လူကိုမစောင့်ပါနဲ့

ကိုယ်ကချည်းပဲ ချစ်နေရတာက ပင်ပန်းသလို တစ်ဖက်လူဆီက မျှော်လင့်ပြီး စောင့်ရတဲ့အလုပ်ကလည်း အရမ်းပင်ပန်းပါတယ်။ ဒါကြောင့် တစ်ဖက်လူကို မစောင့်ပါနဲ့။ မြန်မြန် Move On လုပ်ပြီး စွန့်လွှတ်ပါ။ ကိုယ့်စိတ်ကို ပင်ပန်းအောင်မလုပ်ပါနဲ့။