အိပ်တဲ့အချိန်ပဲ အိပ်ယာထဲနေတာမျိုးလည်းမဟုတ်ဘူး၊ တစ်ခါတစ်လေ အိပ်ယာထဲလှဲနေတာမျိုးလည်း မဟုတ်ဘူး အမြဲတမ်း တစ်ချိန်လုံး အိပ်ယာထဲပဲ လဲလျောင်းနေတာက မကောင်းပါဘူး။ စိတ်ပိုင်းဆိုင်ရာလည်း ညစ်နွမ်းစေသလို ကျန်းမာရေးအရလည်း မကောင်းပါဘူး။ တခြားအချိန်ထက် အိပ်ယာထဲလှဲနေတဲ့အချိန်တွေပဲ ပိုများနေပြီဆိုရင်တော့ အိပ်ယာထဲမှာပဲ တစ်ချိန်လုံးလဲလျောင်းနေခြင်းကြောင့် ရရှိလာမယ့်ဆိုးကျိုးတွေကိုလည်း သိထားဖို့လိုပါတယ်။

ဝိတ်တက်စေခြင်း

အိပ်ယာထဲမှာပဲ တစ်ချိန်လုံးလှဲနေတဲ့အတွက် ခန္ဓာကိုယ်က လှုပ်ရှားမှုနည်းပြီး အဆီတက်၊ ဝိတ်တက်ပြီး ဝလာစေပါတယ်။ တချို့ဆိုရင် စားပြီးသောက်ပြီးလည်း တန်းလှဲပြီးနေတာမျိုးတွေ ရှိပါတယ်။ ဒါတွေက ပိုဆိုးစေပါတယ်နော်။

ညဘက်အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေခြင်း

အိပ်ယာထဲပဲ အမြဲလှဲနေတဲ့အတွက် ပြန်ပြီး အိပ်ပျော်သွားတာမျိုးက အနည်းဆုံး ၁ ခေါက်၊ ၂ ခေါက်တော့ ဖြစ်မှာပါ။ ဒီလို နေ့ဘက်တွေမှာ အိပ်ပျော်ထားတော့ ညပိုင်းလည်းရောက်ရော အိပ်မပျော်တော့တာတွေ ဖြစ်လာတာပါပဲ။

Depression ဝင်ဖို့ကိုတွန်းအားပေးခြင်း

ဘာမှလည်းမလုပ်ပဲ တစ်ချိန်လုံး အိပ်ယာထဲမှာပဲ လဲလျောင်းနေတဲ့အတွက် တစ်ခုခုစိတ်ညစ်စရာရှိလည်း ဒီအကြောင်းတွေပဲ တွေးပြီး ပိုစိတ်ညစ်လာပါလိမ့်မယ်။ အသည်းကွဲနေတဲ့သူတွေဆို ပိုဆိုးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပိုထိခိုက်လာပါလိမ့်မယ်။ စိတ်ဖိစီးပြီး စိုးရိမ်စိတ်တွေများပြီး Depression ဝင်လာဖို့ကို တွန်းအားပေးနေသလို ဖြစ်သွားပါလိမ့်မယ်။

ခန္ဓာကိုယ်အချိုးအစားပြောင်းလဲစေခြင်း

အပေါ်မှာပြောခဲ့သလိုပဲ ခန္ဓာကိုယ်က လှုပ်ရှားမှုမရှိတဲ့အတွက် အဆီတွေစုပြီး ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲလာပါလိမ့်မယ်။ အဲ့လောက်လည်းမစားပဲ ဗိုက်မှာအဆီတွေစုနေတယ်၊ ခြေထောက်မှာအဆီတွေစုနေတယ်၊ လက်မောင်းကြီးလာတယ်ဆိုတာတွေ ဖြစ်လာစေပါတယ်။

အရိုးအားနည်းစေခြင်း

လှုပ်ရှားမှုနည်းပြီး အရိုးအားနည်းတယ်ဆိုတာမျိုး ကြားဖူးကြမှာပါ။ အိပ်ယာထဲမှာ အမြဲလှဲနေတာတွေ များလာရင် လှုပ်ရှားမှုမရှိတဲ့အတွက် အဲ့လိုတွေ ဖြစ်လာစေပါတယ်။ ခါးနာတာတွေလည်း ဖြစ်လာစေပါတယ်။

ကိုယ်ရောစိတ်ပါလေးလံထိုင်းမှိုင်းခြင်း

ခန္ဓာကိုယ်က လှုပ်ရှားမှုနည်းပြီး အမြဲလှဲနေတဲ့အတွက် လန်းဆန်းတက်ကြွမှုမရှိတော့ပဲ ဘာမှမလုပ်ချင်ဘူး ဖြစ်လာမယ်၊ ကိုယ်လက်မအီမသာဖြစ်ပြီး ဇာတ်ကြောတက်တာ၊ ကိုယ်ရောစိတ်ပါ လေးလံထိုင်းမှိုင်းတာတွေ ဖြစ်လာပါလိမ့်မယ်။