Sunburn ဖြစ်ထားပြီး အသားအရေကို ဘာမှမလုပ်ပဲ ဒီတိုင်းပစ်ထားရင် အသားအရေပိုပျက်စီးပြီး မဲလာပါလိမ့်မယ်။ စဖြစ်တဲ့အချိန်မှာတော့ ၁ ရက် ၂ ရက်လောက်က နီရဲနေမှာပါ။ နောက်ရက်တွေဆိုရင်တော့ အသားမဲသွားမှာပါ။ ဒါကြောင့် Sunburn ဖြစ်ပြီး အသားအရေနီမြန်းတာတွေ သက်သာစေဖို့ လုပ်ပေးနိုင်တဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

ရေအေးနဲ့ရေချိုးပါ

Sunburn ဖြစ်ထားတဲ့အချိန်မှာ ရေအေး၊ ရေခဲရေနဲ့ ချိုးချလိုက်တာ အကောင်းဆုံးပါပဲ။ နေလောင်တာနဲ့ ရောင်ရမ်းမှုတွေ လျော့ကျသွားစေပါတယ်။ ဆပ်ပြာဆိုရင်လည်း ကြမ်းတမ်းတာတွေ မသုံးပါနဲ့။ Baby Shower တွေသုံးပေးရင်တော့ ပိုကောင်းပါတယ်။

ရှားစောင်းလက်ပတ်လိမ်းပါ

ရှားစောင်းလက်ပတ်အပင်ရဲ့ အတွင်းသား Gel ကို ခြစ်ယူပြီးလိမ်းတာပဲဖြစ်ဖြစ်၊ အသင့်လိမ်းလို့ရတဲ့ ရှားစောင်းလက်ပတ် Gel ဘူးကို လိမ်းတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက အသားအေးစေပြီး အသားအရေချောမွေ့စေတယ်၊ အသားအရေနီမြန်းတာ၊ နေလောင်တာလည်း သက်သာစေပါတယ်။

ရေခဲကပ်ပါ

အသားကိုတိုက်ရိုက် ရေခဲကပ်ပေးတာမျိုး ဒါမှမဟုတ် ရေခဲကို အဝတ်ထဲထည့်ပြီး ကပ်တာမျိုး၊ အိတ်ထဲထည့်ပြီးကပ်တာမျိုး လုပ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက Sunburn ဖြစ်တာတွေ သက်သာပျောက်ကင်းစေပါတယ်။

Moisturizer လိမ်းပါ

Sunburn ဖြစ်ထားရင် အသားအရေကို ပိုတောင်ဂရုစိုက်ရအုံးမှာပါ။ အသားအရေက အစိုဓာတ်မရှိရင် ပိုဆိုးလာပါလိမ့်မယ်။ ဒီတော့ Lotion သေချာလိမ်းပါ။ Whitening ပါတာတွေမသုံးပဲ Moisturizing အဓိကပဲ သုံးပေးပါ။ အပြင်ထွက်ရင် Sunscreen လိမ်းဖို့လည်း လုံးဝမမေ့ပါနဲ့။

ရေများများသောက်ပါ

Hydration ပြည့်ဝနေစေဖို့အတွက် ရေများများသောက်ပေးဖို့လည်း မမေ့ပါနဲ့။ ရေခဲရေတွေထက် ရိုးရိုးရေပဲ များများသောက်ပါ။