ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မှုရှိချင်လား? အဲ့ဒါဆို ကိုယ့်ကိုကိုယ် သဘောကျကြောင်းပြဖို့ မကြောက်ပါနဲ့။ အရင်ကထက် ပိုယုံကြည်မှုရှိလာဖို့အတွက် အကျင့်ဆိုး ၁၀ ခုကို ရပ်နိုင်ဖို့ ကြိုးစားပါ။

အတွေးလွန်တာ

တွေးလွန်းတဲ့အခါ မဖြစ်သေးတဲ့ အပျက်သဘောတွေကို စိတ်ကူးယဉ်တတ်လာပါတယ်။ ဒါက သင့်ကိုယ်သင် မလုံခြုံသလို မသေချာဘူးလို့ ခံစားရစေနိုင်တာမလို့ အတွေးလွန်နေမယ့်အစား လက်ရှိအချိန်ကို အာရုံစိုက်ကြည့်ပါ။ အမှားလုပ်မိရင်လည်း အဆင်ပြေပါတယ်တွေးပါ ။ အဲဒီကနေ သင်ယူပြီး ရှေ့ဆက်လိုက်ပါ။ အနာဂတ်မှာ တစ်ခုခုဖြစ်မှာကို စိုးရိမ်နေတယ်ဆိုရင် အဲဒါက မဖြစ်သေးဘူးဆိုတာကို သတိရပါ။

တခြားလူနဲ့နှိုင်းယှဥ်တာ

Instagram ဒါမှမဟုတ် Facebook က လူတွေရဲ့ Post တွေကိုကြည့်ရင်း စိတ်ပျက်အားငယ်ဖူးလား ? ဒီနေရာမှာ တစ်ခုပြောချင်တာက လူတိုင်းရဲ့ဘဝက ကွဲပြားပြီး မတူကြပါဘူး။ တခြားလူနဲ့နှိုင်းယှဥ်တာက မလိုအပ်တဲ့ခံစားချက်တွေကိုဖြစ်စေပြီး ကိုယ့်ကိုယ်ကို လေးစားမှု လျော့ကျစေပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်ကအရာတွေကို လိုက်ခံစားနေမယ့်အစား ကိုယ်ပိုင်တိုးတက်မှု ၊ အောင်မြင်မှုရဖို့ အာရုံစိုက် ကြိုးစားပါ။

ကိုယ့်ကိုယ်ကို မလိုအပ်ဘဲနှိမ့်ချတာ

အကြောင်းပြချက်တွေနဲ့ မကြာခဏ ကိုယ့်ကိုယ်ကို ဝေဖန်တတ်တဲ့အကျင့် ရှိဖူးလား ? တခုခုမှားမိတာနဲ့ ကိုယ့်ကိုကိုယ် အဆိုးမြင်စိတ်နဲ့ ပြောနေတာ အရည်အချင်းမပြည့်ဘူးလို့ တွေးမိတာဟာ ကိုယ့်ရဲ့ယုံကြည်မှုကို ထိခိုက်စေပါတယ်။ အလုပ်မှာ အမှားလုပ်မိရင် ကိုယ့်ကိုယ်ကိုအပြစ်တင်မယ့်အစား သင်ယူပြီး ကြီးပွားဖို့ အခွင့်အရေးတစ်ခုလို့ မြင်လိုက်ပါ။

တခြားလူဆီက ခွင့်ပြုချက်တောင်းတာ

တော်တော်များများက မိဘ ၊ ချစ်သူ တို့ဆီကနေ ခွင့်ပြုချက်တောင်းရင်း ဘဝရဲ့ အရေးပါတဲ့ အချိန် တော်တော်များများကို ကုန်ဆုံးခဲ့ကြပါတယ်။ ဒါက အချိန်ကြာလာတာနဲ့အမျှ သင့်ယုံကြည်မှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်တာမလို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်အောင် ကြိုးစားပါ။

အတွေ့အကြုံသစ်ကိုရှောင်တာ

ပုံမှန်ဖြစ်နေတဲ့ကိစ္စတွေက သင့်ရဲ့စိတ်ကို ပိုလုံခြုံပြီး သက်တောင့်သက်သာရှိစေတာမှန်ပါတယ်။ ဒါပေမယ့် ဒါက Comfort Zone ပိတ်မိနေပြီး ကြာလာရင် ယုံကြည်မှုတွေက မတိုးတက်တော့ပါဘူး။ အတွေ့အကြုံသစ်က အစကတော့ ကြောက်စရာကောင်းတယ်ဆိုပေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့သင်ခန်းစာတွေ ရစေတာမလို့ အသစ်တစ်ခုကို စမ်းကြည့်တာက ကျွမ်းကျင်မှုအသစ်တစ်ခုကို ရစေရုံသာမကဘဲ ယုံကြည်မှုကိုလည်း သိသိသာသာ တိုးလာစေတယ်။