2024 မှာမှစပြီး စစ်မှုထမ်းတာဝန်ထမ်းဆောင်ရမယ့် Male Idols တွေရှိသလို 2024 မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးပြီး ပြန်လာတော့မယ့် Male Idols တွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Fan တွေပျော်သွားအောင် 2024 မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မယ့် Male Idols 15 ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီထဲမှာ ကိုယ်မျှော်နေရတဲ့ Idols တွေပါနေမလားဆိုတာကို ကြည့်လိုက်ရအောင်။

1. Jin (BTS)

Jin က December 13, 2022 မှာ စတင်ပြီး စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့တာဖြစ်လို့ June 12, 2024 မှာတော့ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာပါ။ marking a significant moment for BTS fans worldwide.

2. J-Hope (BTS)

J-Hope ကတော့ April 17, 2023 မှာ စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့တာဖြစ်လို့ October 17, 2024 မှာတော့ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာပါ။

3. Jay B (GOT7)

Jay B ကတော့ February 2, 2023 မှာ စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့တာဖြစ်လို့ November 1, 2024 မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာပါ။

4. Jinyoung (GOT7)

Jinyoung ကလည်း May 8, 2023 မှာ စတင်ပြီး စစ်မှုထမ်းခဲ့တာဖြစ်လို့ November 4, 2024 မှာ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာပါ။

5. Wonho

Solo Artist ဖြစ်တဲ့ Wonho ကတော့ December 5, 2022 မှာစတင်ပြီး စစ်မှုထမ်းခဲ့တာဖြစ်ပါတယ်။ လာမယ့် September 4, 2024 မှာတော့ စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မှာပါ။

6. Mino (WINNER)

Mino က March 24, 2023 မှာ စတင်စစ်မှုထမ်းခဲ့ပြီး September 22, 2024 မှာတော့ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာ ဖြစ်ပါတယ်။

7. Seungyoon (WINNER)

Seungyoon ကလည်း June 20, 2023 မှာ စတင်စစ်မှုထမ်းခဲ့တာဖြစ်လို့ December 20, 2024 မှာ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာပါ။

8. Minhyuk (MONSTA X)

Minhyuk က April 4, 2023 မှာ စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့ပြီး October 3, 2024 မှာ စစ်မှုထမ်းတာဝန် ပြီးဆုံးပါမယ်။

9. Jaeyoon (SF9)

Jaeyoon က March 21, 2023 မှာ စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့ပြီး September 19, 2024 မှာ စစ်မှုထမ်းတာဝန် ပြီးဆုံးပါမယ်။

10. Sejun (VICTON)

Sejun ကတော့ June 13, 2023 မှာ စတင်ပြီး စစ်မှုထမ်းခဲ့တာဖြစ်လို့ December 12, 2024 မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးပါမယ်။

11. Seungsik (VICTON)

Seungsik ကလည်း May 20, 2023 မှာ စတင်ပြီး စစ်မှုထမ်းခဲ့တာဖြစ်လို့ September 19, 2024 မှာတော့ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာ ဖြစ်ပါတယ်။

12. Ravi (VIXX)

Ravi ကတော့ October 27, 2022 မှာ စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့တာဖြစ်ပြီး လာမယ့် July 26, 2024 မှာတော့ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာပါ။

13. Y (GOLDEN CHILD)

Y က March 20, 2023 မှာ စစ်မှုထမ်းတာဝန် စတင်ခဲ့ပြီး September 19, 2024 မှာ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာ ဖြစ်ပါတယ်။

14. Youngjae (B.A.P)

Youngjae ကတော့ November 8, 2022 မှာ စတင်ပြီး စစ်မှုထမ်းခဲ့ပါတယ်။ လာမယ့် May 7, 2024 မှာတော့ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာပါ။

15. Ha Sungwoon

WANNA ONE အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Ha Sungwoon က October 24, 2022 မှာ စစ်မှုထမ်းခဲ့တာဖြစ်လို့ April 23, 2024 မှာတော့ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာဖြစ်ပါတယ်။