ပွဲတက် dress လေးတွေဝတ်ဖြစ်တဲ့နေ့မှာ ဓာတ်ပုံလှလှလေးရိုက်ဖို့အတွက် အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ပို့စ်သိပ်မပေးတတ်ဘူးဆိုရင် ဒီပို့စ်လေးတွေအတိုင်း ပို့စ်ပေးကြည့်နော်။

Toilet ထဲမှာဖြစ်ဖြစ်၊ ခုံနားမှာဖြစ်ဖြစ်ရိုက်တဲ့အခါ ဒီလိုလေးပို့စ်ပေးကြည့်နော်။ လက်တင်ထားတဲ့နေရာလေးမှာ ပြောင်ရှင်းနေတာထက်စာရင် အိတ်လေးတင်ထားတာက ပိုပြီး perfect ဖြစ်စေပါတယ်။

လှပပြီးဆွဲဆောင်မှုရှိတဲ့ ပို့စ်လေးပါ။ ပွဲတက် dress လေးတွေနဲ့လည်း အရမ်းလိုက်ဖက်တဲ့ပို့စ်လေးပါ။

ပွဲတက် dress လေးတွေဝတ်ပြီး ဆံပင်လေးချထားတယ်ဆိုရင် ဒီလိုလေး ဆံပင်ကိုကိုင်ပြီး ပို့စ်ပေးလို့ရတယ်နော်။

တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိရှိနဲ့ အရမ်းလှနေစေမယ့် ပို့စ်လေးပါ။ ပွဲတက် dress လေးတွေနဲ့ဆို အရမ်းလိုက်ဖက်တဲ့ ပို့စ်လေးလည်း ဖြစ်ပါတယ်။

ကိုယ်ရိုက်တဲ့နေရာနောက်မှာ လက်တင်စရာနေရာလေးရှိရင် ဒီလိုလေးရိုက်လို့ရပါတယ်။

ပွဲတက် dress လေးတွေနဲ့ ဒေါက်ဖိနပ်လေးစီးပြီး ထိုင်ရိုက်တဲ့အခါ ဒီလိုလေးခြေထောက်ချိတ်ထိုင်ပြီး ရိုက်ကြည့်ပါ။ ခြေထောက်အနေအထားက အသက်ပါပဲ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

ပွဲတက် dress လေးနဲ့ ချေမိုးနေမယ်ဆိုရင် အသုံးဝင်မယ့် ပို့စ်ပေးနည်းလေးပါ။

ပွဲတက် dress နဲ့ model ဆန်ဆန်လေး ပို့စ်ပေးမယ်ဆိုရင် ဒီပို့စ်လေးက အရမ်းဆွဲဆောင်မှုရှိပါတယ်။

ဒါလည်း ဆွဲဆောင်မှုရှိပြီး မိုက်တဲ့ အရမ်းလည်းလှတဲ့ ပို့စ်လေးပါပဲ။

ပွဲတက် dress လေးတွေဝတ်ပြီး mirror selfie ရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်နော်။

ခြေတံအလှပေါ်လွင်ပြီး ဆွဲဆောင်မှုရှိစေမယ့် ပို့စ်ပေးနည်းပါ။ ပွဲတက် dress တွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

Photo source:www.pinterest.com